နှလုံးသား၏အမိန့်တော်(part29)

150 10 0
                                    

ဂျေတဲဘက်ကိုပြန်ရောက်တော့သူမကအိပ်ပျော်နေလေပြီး..ဂျေ၀ယ်လာသောပြောင်းဖူးဖုတ်နဲ့ကောက်ညှင်းအားသူမဘေးနားချထားလိုက်ပြီးသူမအားနိုးလိုက်လေသည်။

''မိန်းကလေး..မိန်းကလေး..''

''ဟင်းအင်း..''

''မိန်းကလေး..ငါမင်းအတွက်အဆာပြေ၀ယ်လာတယ်ထတော့..''

ပန်းမျက်လုံးကိုပွတ်သက်ရင်းအိပ်ယာမှထလိုက်လေသည်။

ထိုလူကမျက်နှာသေနဲ့ပန်းအားစိူက်ကြည့်နေခဲ့သည်။

''ကျမမစားဘူးပြန်ယူသွား...''

''မင်းမစားလို့မရဘူး..မိန်းကလေးငါ့စကားကို၂ခွန်းပြောရတာမကြိုက်ဘူးနော်အခုစားဆိုစား''

''မစားဘူး..''

''တောက်!!!မစားဘူးပေါ့..ရတယ်..''ဂျေအားစိန်ခေါ်သောသူမ၏နှုတ်ခမ်လေးအားဖိကပ်နမ်းရှိုက်လိုက်လေသည်။

အွန့်..လွှတ်..

ဘုန်း..ဘုန်း..ဘုန်း..

ဂျေသူမနှုတ်ခမ်းစိတ်အလိုကျနမ်းရှိုက်ပြီးတော့လွှတ်ပေးလိုက်လေသည်။

''မင်းငါ့စကားကိုအာခံမယ်ဆိုနောက်မှငါ့အဆိုးမဆိုနဲ့မိန်းကလေးအခူစားစမ်း..''

ပန်းထိုလူ့ကိုကြောက်တာကြောင့်ကောက်ညှင်းကိုဖဲ့ကာစားလိုက်ရသည်။ထိုလူကသူမစားမကူန်မချင်းထိုင်စောင့်နေပုံပင်

''ကုန်အောင်စား!!!''

သူ့ရဲ့မျက်နှာပါမကအသံကပါကြောက်ဖို့ကောင်းနေလေသည်။ပန်းသူကျွေးသောညနေစာကိုကုန်အောင်စားလိုက်လေသည်။

''မင်းစားပြီးပြီးဆိုတော့ငါ့ကိုလာနှိပ်ပေး..''

''ကျမမလုပ်နိုင်''

''မင်းကငါ့မိန်းမဖြစ်နေပြီးငါပြောတာကိုနားထောင်ပြီးလာနှိပ်စမ်း...''

ပန်းထပ်ပြီမငြင်းရဲတော့ထပ်ငြင်းလျှင်ထိုလူကဘာထပ်လုပ်မည်မသိ...ပန်းထိုလူ့ပုခုံးကိုအားမပါသလိုနှိပ်ပေးတော့''မင်းငါ့ကိုနှိပ်နေတာရောဟူတ်ရဲ့လားယောက္ခမခေါင်းကိုင်နေသလိုဘဲ...အားထည့်စမ်း...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now