နှလုံးသား၏အမိန့်တော်(part21)

152 6 0
                                    

''ဆရာဦးစစ်အဂ္ဂလှိုင်းဆုံးသွားပါပြီး''

ဒေါက်..ဒေါက်..ဒေါက်

စားပွဲပေါ်သို့လက်နဲ့တဒေါက်ဒေါက်ခေါက်နေသောမင်းရက်စက်(jame)

''ဟင်း...ကစားပွဲကြီးကကြည့်ကောင်းမယ်ထင်နေခဲ့တာ..စောစောစီးစီးပြီးသွားတာဆိုးလိုက်တာကွာ..''

''ဆရာကျနော်တို့အတွက်ပြိုင်ဘက်တစ်ယောက်လျော့သွားတော့မကောင်းဘူးလား''

''ကောင်းတာပေါ့ဒါပေမယ့်သူ့လူအများစုကရဲလက်ထဲမှာအဖမ်းခံနေရတယ်..စစ်မေးခဲ့ရင်ငါတို့မှောင်ခိုလောကကမ္ဘာပျက်ကိန်းရှိတယ်...အဲတော့...သူတို့လက်ဦးမှုမယူခင်ငါတို့တွေအရင်လက်ဦးမှုယူကြတာပေါ့...''

သူရစိတ်၀င်တစားနဲ့''ဘယ်လိုလက်ဦးမှုမျိုးလဲဆရာ''

''မြောက်ကျွန်းစုကမှောင်ခိုနယ်မြေဆီသွားကြတာပေါ့...အဲကမူးရစ်ရာဇာမာန်ဓနအကူအညီသွားတောင်းကြတာပေါ့...''

''မြောက်ကျွန်းစုကျနော်ကြားဖူးတယ်ဆရာသူတို့ကပြိုင်ဘက်ကင်းတဲ့မူးရစ်ရာဇာတွေဘဲ...ကြမ်းတမ်းတယ်ရက်စက်တယ်..ကျနောိတို့သာသူတို့နဲ့ပူးပေါင်းမှုလုပ်နိုင်မယ်ဆိုဟိုရဲကောင်တွေကိုကြောက်စရာမလိုတော့ဘူး..''

''ဟားဟားသိပ်ကိုသေချာတာပေါ့...tonyနဲ့ငါကစားပွဲကြီးကမပြီးသေးဘူး...ငါထောင်ကျလို့ဘယ်ဖြစ်မလဲ..ကစားပွဲဆက်ကစားနိုင်ဖို့ဒိုင်ဆီမှာပိုက်ဆံနည်းနည်းပါးပါးချေးငှားရမှာပေါ့သူရရာဟားဟား...''

မင်းရက်စက်တစ်ယောက်ထောင်ကျမှာကိုလက်မခံနိုင်တာကြောင့်မြောက်ကျွန်းစုကမူးရစ်ရာဇာနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်သည်။

မြောက်ကျွန်းစုကမူးရစ်ရာဇာဦးမာန်ဓနဟာမျိုးမာန်ရဲ့ဖခင်ဖြစ်သလိုမှောင်ခိုလုပ်နေသောမာန်ဟိန်းရဲ့အဖေလည်းဖြစ်သည်။

ဦးမာန်ဓနကိုရဲများကဖမ်း၀ရမ်းထုတ်ထားတာကြာခဲ့ပြီးအခုချိန်ထိဖမ်းလို့မမိသေးပေ။

တရားခံများရဲ့ထွက်ဆိုချက်တွေကိုသေချာမှတ်သားပြီးနောက်.အမှတ်Aကတပ်သား၅၀ကိုမှောင်ခိုဂိုဏ်းဆီသို့၀င်ရောက်ဖမ်းဆီးရန်အမိန့်ပေးလိုက်လေသည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now