နှလုံးသား၏အမိန့်တော်(part26)

156 9 0
                                    

''ဦးခေါင်..အကိုထွဋ်ကိုတွေ့ခဲ့ပြီး''

''ဟူတ်လား..မှူးအိမ်တော်ကိုဘဲခေါ်လာခဲ့လိုက်...''

''ဟုတ်ပြီးဦးခေါင်..''

ဦးခေါင်ဖုန်းချလိုက်ပြီးအိမ်တော်ကိုပင်ပြန်လာခဲ့လိုက်သည်။

ဘုရင်ထွဋ်အားပွေ့ချီကာအိမ်တော်ဆီသို့ခေါ်လာခဲ့လေသည်။

ဧည့်ခန်းထိုင်နေသောမင်းခေါင်နားကိုရောက်တော့''အကို''

ဘုရင်ဆိုဖာပေါ်မှာထွဋ်အားပွေ့တင်ကာ''ရပါတယ်အကို...ကျနော်တို့အချိန်မှီရှာတွေ့လို့မဟုတ်ရင်ပြသနာတွေဖြစ်နေလောက်ပြီး..''

''အေးကျေးဇူးပါညီရာ..''

ဆေးအခတ်ခံထားရသောထွဋ်ဟာခေါင်းပင်မထောင်နိုင်ပေ။မင်းခေါင်သူဖြစ်သူကိုကြည့်ပြီးစိတ်ပျက်လက်ပျက်နဲ့ဖြစ်နေလေသည်။

''အိမ်တော်ထိန်း..ဒီကောင်ကိုကိုယ်လက်သန့်ဖို့အခန်းထဲခေါ်သွားလိုက်...''

''ဟူတ်ကဲ့အကိုကြီး..''အိမ်တော်ထိန်းအစေခံ၂ယောက်အားခေါ်ကာထွဋ်အားအခန်းထဲသို့ခေါ်သွားလေသည်။

''တောက်!!!''

''ဦးခေါင်ဒါဆိုကျနော်တို့ပြန်တော့မယ်ဗျ..မှူးနဲ့သျှင်အကိုတို့ပြန်တော့မယ်နက်ဖြန်တွေ့မယ်နော်..''

''အင်း...''

ဘုရင်တို့၃ယောက်ထွက်သွားတော့မှူးကသျှင်အားခေါ်ကာအခန်းဆီသို့ပြန်သွားလေသည်။

မင်းခေါင်တစ်ယောက်ထဲဧည့်ခန်းထဲမှာရှိနေတုန်းသစ္စာဆီမှဖုန်း၀င်လာခဲ့လေသည်။

''ဟယ်လိုသစ္စာ''

''ဘာ!!!''

''အေးငါဒီညတွင်းချင်းဘဲပြန်လာခဲ့မယ်..''

companyရဲ့အဓိကစက်ရုံမီးလောင်တာကြောင့်မင်းခေါင်မြန်မာမပြန်လို့မဖြစ်တော့ပေ။

အိမ်တော်ထိန်းအားထိုကလေး၂ယောက်ကိုသေချာစောင့်ရှောက်ထားပေးဖို့မှာပြီးနောက်လေဆိပ်သို့ထွက်လာခဲ့လေသည်။

ညသန်းခေါင်မှာသျှင်ဗိုက်ဆာလာတာကြောင့်အောက်ထပ်ကိုဆင်းလာခဲ့လေသည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now