နှလုံးသား၏အမိန့်တော်(part30)

143 10 0
                                    

နန်းမောင်အတွက်အစားသောက်တွေစီစဥ်ချက်ပြုတ်ပေးရန်အတွက်လိုအပ်သည်တို့ကို၀ယ်ခြမ်းရန်စျေးသိူ့ထွက်လာခဲ့လေသည်။

စျေးတွန်းလှည်းကိုတွန်းရင်မုန့်တန်းဘက်ကိုထွက်လာခဲ့လေသည်။

အသီးတန်းအသားတန်းဘက်တွေကိုရောက်လာတော့ထိုလူကိုနန်းတွေ့လိုက်လေသည်။

နန်းမတွေ့ချင်တာကြောင့်ထိုနေရာမှထွက်သွားဖို့လုပ်တော့ထိုလူကအတင်းအကြပ်နန်းလက်အားဆွဲကာ''နန်းခနနေပါအုန်း..''

''ကျမလက်ကိုလွှတ်...''

''ကိုမင်းကိုတောင်းပန်ချင်လို့''

''ဒီမှာကျမကိုရှင်တောင်းပန်စရာလည်းမလိုသလိုပတ်သက်စရာလည်းမလိုဘူး''

''နေပါအုန်း..ကိုမင်းနဲ့ခင်မင်ချင်တယ်နန်း..ကို့ကိုခင်မင်ခွင့်လေးပေးပါနော်..''

''ကျမမအားဘူးဖယ်စမ်း..''နန်းထိုသိူ့ပြောပြီးထွက်လာခဲ့လေသည်။

မင်းရက်စက်ချေမိုးနေသောသူမကြောင့်မဲ့ပြုံးတစ်ချက်ပြုံးကာ''မင်းကချေမိုးနေတာဘဲနန်းငါလည်းအဲလိုမိန်းမမျိုးကိုသဘောသိပ်ကျတာကွ..''

နန်းကားပါကင်မှာပစ္စည်းတွေထည့်နေတုန်းအနောက်ကနေလူတစ်ယောက်သူမနှာခေါင်းအားမေ့ဆေးအုပ်ကာထိုနေရာမှခေါ်သွားတော့သည်။

........

''မှူးဒီနေရာလေးကအရမ်းသာယာတာဘဲနော်''

မှူးကတော့ပင်လယ်ပြင်ကြီးကိုငေးမောနေမိသည်။

''မှူးနင်ဘာဖြစ်နေတာလဲဟင်...''

''ငါ့အကို့ကိုလွမ်းလို့ပါသွယ်...''

''မှူးရယ်ဘာလို့ဆိုင်သူရှိတဲ့သူကိုမှ...''

''ငါမသိတော့ဘူးသွယ်ရယ်..ငါအကို့ကိုအရမ်းချစ်နေမိပြီး..''

''မှူးရယ်..နင်အခုလိုတွေဖြစ်နေရင်နင်ဘဲနာကျင်ရမှာအကိုထွဋ်ကမမနန်းကိုဘဲချစ်တာလေနင်လက်လျော့သင့်တယ်..ထပ်မချစ်မိဖို့နင်ကြိုးစားရမယ်မှူး...''

''ငါအကို့ကိုချစ်မိလို့ငါဘယ်တော့မှနောင်တမရဘူးသွယ်...''

သွယ်မိမိချစ်ရသူကတခြားတစ်ယောက်ကိုချစ်နေတာကိုကြားသိရတော့ပိုပြီးနာကျင်ရသည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now