နှလုံးသား၏အမိန့်တော်(part39)

154 8 0
                                    

''အကို...အကို...''

''ဟင်...ပန်းဘာလဲ..''

''အကို့အတွက်မနက်စာ၀ယ်လာတယ်ထတော့နော်..''ပန်းအကိုအတွက်မနက်အစောကြီးထကာမနက်စာ၀ယ်လာခဲ့သည်။

အချိန်၁လကြာဒီမှာနေလာတာကြောင့်ကျင့်သားရနေလေပြီး...

''အင်း..မင်းတစ်ယောက်ထဲသွားတာလားပန်း''

''အင်းလေ...ပန်းနဲ့ဒီနေရာကမစိမ်းသက်တော့ဘူး...''

''ခွမ်ရော...''

''ကိုခွမ်ခနကဘဲထွက်သွားတယ်အကို..''

ဂျေမျက်နှာသစ်ပြီးသူမစီစဥ်ပေးသောမနက်စာကိုစားလေသည်။

''အကိုဒီနေ့ဘယ်သွားစရာရှိလဲဟင်..''

ဂျေမုန့်စားနေရင်းသူမကိုမျက်မှောင်ကျုံ့ကာကြည့်လိုက်မိသည်။

''မင်းကဘယ်သွားဖို့လဲ..''

''ဘယ်မှမသွားပါဘူးပန်းအကိုနဲ့အတူရှိချင်လို့..ဒီနေ့ပန်းကိုအချိန်ပေးနိုင်မလား....''တောင်းဆိုနေသောအသံကတိုးလျလှသည်။

ဂျေသူမကိုစိုက်ကြည့်ပြီ''ကောင်းပြီးလေငါမင်းကိုဒီနေ့တော့အချိန်ပေးမယ်မင်းသွားချင်တဲ့နေရာတွေငါလိုက်ပို့ပေးမယ်..''

''တကယ်နော်..''ပျော်သွားသောသူမမျက်နှာကိုကြည့်ပြီးတခါမှမပြုံးဖူးသောဂျေဟာချက်ချင်းဆိုသလိုပြုံးမိသွားလေသည်။

''မင်းဒီနေ့ဘယ်သွားချင်လဲ..''

''ဒီနေ့ရေတံခွန်ဘက်ရှုခင်းတွေကြည့်ချင်တယ်...ပြီးရင်ရွာထဲဆိုင်ကြီးမှာနေ့လည်ထမင်းစားချင်တယ်...ပြီးရင်ညနေကျရင်ရွာဘုရားပွဲသွားချင်တယ်...''

အကုန်အစီစဥ်ဆွဲထားသောသူမလေးကြောင့်ဂျေထပ်မံပြုံမိသွားပြန်သည်။

''မင်းကဘယ်ကတည်းကသွားချင်နေမှန်းမသိဘူး...အကုန်အစီအစဥ်ဆွဲထားတာဘဲ...''

''ဟီးဟီးပန်းကအကိုနဲ့အတူသွားချင်တဲ့နေရာတွေကိုလိုက်မှတ်းထားတာပါ...''

''ဟုတ်ပါပြီး...အ၀တ်စားသွားလဲလေသွားရအောင်...''

''ပန်းလဲပြီးပြီးအကိုမလဲဘူးလား''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now