နှလုံးသား၏အမိန့်တော်(part40)

159 7 0
                                    

ညနေဘက်ဘုရားပွဲကိုပြာနက်ရောင်၀မ်းဆက်နဲ့ထွက်လာခဲ့လေသည်။

အကိုကထိုင်းရိုးရာ၀တ်စုံနဲ့ပန်းကလည်းထိုင်းအမျိုးသမီးရိုးရာ၀တ်စုံကို၀တ်ဆင်ထားလေသည်။

''ပန်းကို့လက်ကိုကိုင်ထားလူများနေတယ်..''

''ဟူတ်အကို..''ပန်းအကိုလက်မောင်းကိုမရဲတရဲဆုတ်ကိုင်လိုက်လေသည်။အကိုကပန်းအားလူများတဲ့ကြားထဲကနေရအောင်ခေါ်ထုတ်လာခဲ့လေသည်။

''ပန်းရုပ်သေးကတာကြည့်ချင်လား''

ဒီကျွန်းမှာမြန်မာနဲ့ထိုင်းတွေသာများနေလေသည်။နိုင်ငံခြားဧည့်သည်တွေကတခါတလေမှရောက်လာကြသည်။

''ရုပ်သေးကတာလားအင်းကြည့်မယ်ကြည့်မယ်...''ဂျေပန်းအားရုပ်သေးကတဲ့ဘက်ကိုခေါ်သွားလေသည်။

''ရုပ်သေးတွေကတာအရမ်းလှတာဘဲနော်အကို..''

''အင်း.''

ရုပ်သေးကပွဲကြည့်ပြီးတော့မုန့်ဆိုင်တွေဘက်ကိုလျှောက်လာခဲ့လေသည်။

''အကိုဟူတ်မှာသကြားကပ်မုန့်..ပန်းကို၀ယ်ပေး..''

ပန်းပြတဲ့မုန့်သည်ဆီသိူ့သွားကာသကြားကပ်မုန့်ကို၀ယ်ပေးလေသည်။

''အကိုစားမလား''

''မစားတော့ဘူး..အကိုတို့လက်၀ှေ့ပွဲဘက်သွားကြမယ်ပန်း..''

ပန်းလက်ကိုဆွဲကာလက်၀ှေ့ကြိုး၀ိုင်းဘက်ကိုထွက်လာခဲ့လေသည်။

လက်၀ှေ့ကြိုး၀ိူင်းထဲတွင်လူ၂ယောက်အသေအကြေတိုက်ခိုက်နေကြလေသည်။ပန်းကတော့မကြည့်ရဲတာကြောင့်မျက်လုံးမှိတ်ထားလေသည်။

ပြိုင်ပွဲကွင်းထဲကလူတစ်ယောက်ဟာထိုလူလက်ချက်ကြောင့်မှောက်သွားလေသည်။ဒိုင်လုပ်သူက၁မှ၁၀ထဲရေပေမယ့်မထနိုင်ပေ။ထိုလူကအနိုင်ရသွားလေသည်။

ရှုံးသွားတဲ့လူနဲ့ဒီလူကိုယှဥ်ကြည့်ရင်ဒီလူကပိုပြီးသန်မာပြီးကိုယ်လုံးလည်းကြီးမားလေသည်။

''ဟားဟားလာခဲ့စမ်းဘယ်သူငါနဲ့စိန်ခေါ်ရဲလဲ..ဟားဟားအကုန်ငကြောက်တွေ..ဟားဟား''

ဂျေထိုသိူ့လှောင်ပြောင်ပြီးစိန်ခေါ်သူကိုကြည့်မရချေ။ချက်ချင်းအပေါ်အကျီချွတ်ကာစင်ပေါ်သို့တက်လာခဲ့လေသည်။ပန်းအကို့လုပ်ရပ်ကြောင့်တားချိန်ပင်မရလိုက်ချေ။အကိုအကျီအားကိုင်ရင်းဘာမှမဖြစ်စေဖို့သာဆုတောင်းနေမိတော့သည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now