နှလုံးသား၏အမိန့်တော်(part31)

147 8 0
                                    

ထွဋ်နန်းပြန်မရောက်လာတာကြောင့်စိတ်ပူသွားလေသည်။

ဖုန်းဆက်တော့လည်းဖုန်းမကိုင်ပေ။

''ထိပ်ထားဘယ်တွေသွားနေတာလဲ...မောင်စိတ်ပူလာပြီး..''ညမိုးချုပ်နေပြီးသူမပြန်မရောက်လာပေ။

ring..ring...ring

ဖုန်းမြည်သံကြောင့်ဖုန်းcontactကိုကြည့်လိုက်တော့နံပါတ်စိမ်းပင်

''ဟယ်လို..''

''နန်းထိပ်ထားစံကိုလိုချင်ရင်ဒေါ်လာ၅မီလီယံနဲ့လာရွေးပါ..''

တူ..

''ဟယ်လို..ဟယ်လို..ဟာ!!တောက်..''

တစ်ဖက်ကဖုန်းချသွားတာကြောင့်ထွဋ်စိတ်တိုသွားသည်။ခနကြာတော့sms၀င်လာသည်။တည်နေရာပင်..

''တည်နေရာကမြို့ပြင်မှာဘဲ...''

တိမ်!!!

နောက်ထပ်တစ်စောင်ထပ်၀င်လာခဲ့သည်။

''အချိန်၁နာရီဘဲရမယ်...ပိုက်ဆံနဲ့လူဘဲလာခဲ့ရဲတွေခေါ်လာမယ်တော့မစဥ်းစားနဲ့မင်းမိန်းမအလောင်းဘဲပြန်ရမယ်...''

''တောက်!!!''ထွဋ်ပိုက်ဆံ၅မီလီယံကိုမင်းခအားသွားထုတ်ခိုင်းလိုက်လေသည်။

ပြီးနောက်ကိန်းဆီသို့စာပို့ထားလိုက်လေသည်။..

တပ်စခန်းတွင်

''ကျမတို့သမီးလေးကိုရှာပေးအရာရှိတို့ရယ်..''

''ဟုတ်ပါတယ်ကျနော်တို့သမိးပျောက်နေတာ၅ရက်ရှိပါပြီးကျနော်သမီးလေးကိုရှာပေးကြပါဗျ...''

စခန်းကိုလူပျောက်လာတိုင်သောထိုလင်မယားကိုကိန်းမှ''ကျနော်တို့ဆီလူပျောက်တိုင်မယ်ဆိုအမတို့၂၄နာရီပြည့်ပြီးရင်တိုင်လို့ရပြီဘာဖြစ်လို့အခုမှတိုင်ကြားရတာလဲ...''

''ကျမတို့အရာရှိကြီးဆီတိုင်ကြားမလို့ပါဘဲဒါပေမယ့်သမီးလေးကသူ့သူငယ်ချင်းအိမ်တွေမှာရှိမယ်ထင်လို့လာမတိုင်ဖြစ်တာပါအရာရှိကြီးရယ်...''

''ဟင်းး..၅ရက်တောင်ရှိနေပြီးဆိုတော့ကျနော်တို့ချက်ချင်းရှာဖွေမှဖြစ်တော့မယ်...အမတို့စိတ်ချပါကျနော်တို့တပ်ဖွဲ့ကိုမြို့အနှံ့နေရာတွေမှာအမတို့သမီးလေးကိုသေချာရှာဖွေပေးပါ့မယ်...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now