နှလုံးသား၏အမိန့်တော်(part28)

148 11 0
                                    

ဂျေမိန်းကလေးလက်ကိုဆွဲလာပြီးတဲအိမ်ဆီသို့ခေါ်ဆောင်လာခဲ့သည်။

''ရှင်ကျမလက်ကိုလွှတ်စမ်း...''

ဂျေဆိုသူ (မြတ်မင်းမဟာ)ထိုင်းမြန်မာကပြားတစ်ယောက်ပင်

အဖေကထိုင်းမှောင်ခိုလူမိုက်ဖြစ်ပြီးအမေနဲ့မေတ္တာမျှကာညားခဲ့ကြသည်။
လွန်ခဲ့သော၇နှစ်ကပင်အဖေဖြစ်သူဟာမြောက်ကျွန်းစုမှာလုပ်ကြံခံခဲ့ရသည်။ထိုအကြောင်းအရာတွေအားစုံစမ်းဖို့ရာမြောက်ကျွန်းစုတွင်အခြေချကာဦးမာန်ဓန၏ယုံကြည်အားကိုးရသောလူယုံအဖြစ်နေထိုင်နေခဲ့သည်မှာ၆နှစ်ရှိလေပြီး...

စိတ်ရှုပ်စရာကောင်းသောထိုမိန်းကလေးကိုဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်ကာ''ဒီနေရာမှာမင်းစွာကျယ်စွာကျယ်လုပ်နေမယ်ဆိုရင်မင်းအသက်ကိုငါအာမမခံဘူးမိန်းကလေး..မင်းရောက်နေတဲ့နေရာကမင်းအိမ်မဟုတ်ဘူးမြောက်ကျွန်းစုဆိုတာမင်းသိထား...''

ဂျေထိုသို့ပြောပြီးတဲအပြင်ပြန်ထွက်သွားလေသည်။

*ပါးပါးမားမားပန်းကိုလာကယ်ပါအုန်းပန်းဒီနေရာမှမနေချင်ဘူးပါးပါးမားမား*အခန်းကျဥ်းလေးထဲတွင်ဒူးပိုက်ကာငိုကြွေးနေသောမိန်းမငယ်တစ်ယောက်ရှိလေသည်။

......

ညနေပိုင်းတွင်ထိပ်ထားနိုးထလာခဲ့သည်။မောင်ကတော့မောလို့ထင်သည်အိပ်စက်နေတုန်းပင်...ထိပ်ထားညစ်ပတ်နေသောကိုယ်ကိုသန့်စင်ရန်ရေချိုးခန်းဘက်ကိုထွက်လာခဲ့လေသည်။

''အင်း...''liamအကျောဆန့်ကာနိုးထလာခဲ့လေသည်။

သူမကိုရှာကြည့်လိုက်တော့မတွေ့ရပေ။ရေချိုးခန်းကအသံကြားရတော့သူမရေချိုးနေတာကိုသိရလေသည်။

ခနအကြာတော့သူမရေချိုးခန်းထဲမှထွက်လာခဲ့လေသည်။

''မောင်နိုးလာပြီးလား..ရေမိုးချိုးတော့လေ..''

''အင်း..''liamကုတင်ပေါ်မှထပြီးသူမရှိရာသို့သွားကာအနောက်မှသိုင်းဖက်ရင်း..''မောင်အိပ်နေရင်းအိမ်မက်မက်တယ်ထိပ်ထား..''

''ဘာအိမ်မက်လည်းမောင်..''

''မမတို့အိမ်မက်မက်တာ''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now