နှလုံးသား၏အမိန့်တော်(part7)

176 9 0
                                    

မှူးအောက်ထပ်မှာမေမေနဲ့ညနေစာပြင်ပေးပြီးတော့''ဘုရင်နဲ့သွယ်ညနေစာအဆင်သင့်ဖြစ်ပြီး...''

''အင်းအင်း..''ဘုရင်ပြောပြီးဆိုဖာမှထလာခဲ့သည်။

''ဒါနဲ့နွေသစ်ရောသူအပေါ်ထပ်မှာလား''

''ဟုတ်တယ်အပေါ်ထပ်မှာအနားယူနေတာလေ...''မှူးပြောလိုက်လေသည်။

''အဲဆိုငါဘဲသွားခေါ်လိုက်မယ်...''
ဘုရင်ပြောပြီးအပေါ်ထပ်သို့တက်သွားလေသည်။

မှူးကတော့သွယ့်အား''သွယ်လာလေညနေစာစားရအောင်...''

''အင်းအင်းလာပြီး...''မှူးခါးအားဖက်ကာစားသောက်ခန်းထဲသို့၀င်လာခဲ့လေသည်။

ဒေါက်...ဒေါက်...ဒေါက်

''နွေသစ်..ညနေစာအဆင့်ဖြစ်ပြီးတဲ့..ညနေစာစားရအောင်..နွေသစ်..''အခန်းထဲမှပြန်ထူးသံမကြားရပေ။

*သူမအိပ်ပျော်နေတာလား*

ဘုရင်အခန်းတံခါးကိုဖွင့်လာပြီးအထဲ၀င်လာခဲ့လေသည်။

ဘုရင်ထင်သလိုပင်သူမကုတင်ပေါ်မှာဖုန်းသုံးရင်အိပ်ပျော်နေလေသည်။

တနေကုန်ကားမောင်းထားရတာကြောင့်သူမပင်ပန်းနေမည်ဆိုလည်းမမှားပေ။စထွက်လာကတည်းကဒီထိသူမဘဲကားမောင်းခဲ့ရသည်။ဘုရင်နဲ့သွယ်ကတော့အနောက်ခန်းမှာအငြိမ့်သားစီးလာခဲ့တာကြောင့်ဘာမှမဖြစ်ပေ။ကားစီးရတာပင်ပင်ပန်းသည်။

ဘုရင်အိပ်မောကျနေသောသူမအားမနှိုးရက်ဘဲစောင်ကိုရင်ဘတ်ထိခြုံလွှမ်းပေးပြီးအခန်းထဲမှထွက်လာခဲ့လေသည်။

အောက်ထပ်တွင်မှူးသွယ်တို့ညနေစာ၀ိုင်းတွင်ထိုင်နေကြလေပြီးဘုရင်ပြန်ရောက်လာကိုမြင်တော့..''မမနွေသစ်ရောမလာဘူးလားဘုရင်''သွယ်ကမေးလာသည်။

''နွေသစ်ပင်ပန်းလို့အိပ်မောကျနေတာကိုမနှိုးရက်လို့ပေးအိပ်လိုက်တယ်...ကိုတို့ဘဲညနေစာစားရအောင်သွယ်...''

''မမနွေကားတစ်နေကုန်မနားဘဲမောင်းလာရတာဆိုတော့ပင်ပန်းမှာပေါ့နေပါစေမမအိပ်ပါစေသွယ်တို့ဘဲညနေစာစားကြတာပေါ့ဘုရင်...''

သူတို့၃ယောက်နဲ့မှူးမေမေပါညနေစာစားကြလေသည်။

ညနေစာစားပြီးတော့ဧည့်ခန်းထဲတွင်ဘုရင်နဲ့မေမေကစကားပြောနေကြလေသည်။မှူးကတော့မမနွေအတွက်နွားနို့ကျိုပေးလေသည်။ညနေစာမစားရတော့နိုးလာလျှင်ဗိုက်ဆာနေလိမ့်မည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now