YFG 01 (U&Z)

9.5K 281 6
                                    

(Unicode)

ည.....
တိတ်ဆိတ်စွာ အိပ်မောကျနေသည်။

တည်နေရာ.....
High Hill General Hospital

အချိန်.....
သန်းခေါင်ကျော် အာရုံတက်ကာနီး။

နေရာ.....
နှလုံးအထူးကု ဆရာဝန်ကြီး Dr. Lewis Chan ၏ ရုံးခန်း။

ကျွီ...

ခပ်ဖြေးဖြေး ပွင့်လာတဲ့ အခန်းတံခါးကြောင့် ကွန်ပြူတာကို စိတ်ဝင်တစား ကြည့်နေတဲ့ ဒေါက်တာ လူးဝစ်ချန်း တယောက် ခေါင်းထောင်သွားရသည်။

*ဘာတွေ အာရုံ လာနောက်ဦးမယ်...မသိဘူး...မနက်ဖြန် ဝန်ကြီးကို...ခွဲစိတ်ပေးဖို့...အရေးကြီးနေပါတယ် ဆိုကာမှ...

ခပ်တိုးတိုး ရေရွတ်ရင်း ပွင့်သွားတဲ့ တံခါးဆီသို့ လူးဝစ်ချန်းက မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ သို့သော်လည်း မည်သူမျှ ဝင်မလာခဲ့။

*ဘယ်သူလဲ...ဘာပြောချင်လို့လဲ...
ဝင်ခဲ့ပါ...

*ကျေးဇူးပါ ဒေါက်တာ...

ဝှစ်...

*အ...

ဖြေသံအဆုံးမှာ လူးဝစ်ချန်း တယောက် မိမိလည်ပင်းကို မိမိလက်နဲ့ အုပ်ကိုင်ရင်း မျက်လုံး အပြူးသားနဲ့ တံခါးဝကို ကြည့်လျက် ငြိမ်သက် သွားလေသည်။ ထိုအချိန်မှ အခန်းထဲသို့ အနက်ရောင် ကိုယ်ကြပ် ဝတ်ဆင်ထားသည့် လူတယောက်က ခပ်အေးအေး ဝင်လာသည်။ လဲကျနေသော ဒေါက်တာ လူးဝစ်ချန်းကို စေ့စေ့ ကြည့်လေသည်။

*တချို့ကိစ္စတွေက...ဝင်မပါသင့်ဘူး...ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းပြီး...လူစွမ်းကောင်း ဝင်မလုပ်သင့်ဘူး ဆိုတာကို...ခပ်စောစောလေး နားလည်ခဲ့သင့်တာ...ဟင်းးး...

💉 💉💉 💉💉💉

*ဟဲလို...Morning ပါ ဒေါက်တာရှောင်း...

*ဟိုင်း စစ္စတာလု...Morning ပါ...duty လား...

အဖြူရောင် ဂျူတီကုတ်ကို ဝတ်ဆင်လျက် ဝန်ထမ်း နားနေဆောင်မှ ထွက်လာသော ဆရာဝန်လေးက သူနာပြုဆရာမလေးကို ပြန်လည်ကာ နှုတ်ဆက်လိုက်လေသည်။

*ဟုတ်တယ်...ဒီနေ့ day shift လေ...ဒါနဲ့ ဒေါက်တာရှောင်းရော...မနေ့ညက night duty မဟုတ်လား...စောစော ပြန်ပြီး...မနားသေးဘူးလား...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now