YFG 19 (U&Z)

2.7K 204 4
                                    

(Unicode)

*ဟင်းးးး...

စိတ်မရှည်ခြင်း အားလုံးကို သက်ပြင်းချရင်း ရီရီ လျော့ချနေခဲ့သည်။ ဒီနေ့က လွင်ရှင်းအိမ်ကို စောင့်ကြည့်ခြင်း၏ ဒုတိယနေ့ မဟုတ်လား။ ယခုအချိန်အထိ စီနီယာ၏ အရိပ်အယောင်ကိုလည်း မမြင်ရသေး။

တခုခုများ ဖြစ်နေလို့လား...
တခုခု ဖြစ်နေတာ ဆိုရင်...ဟိုမိန်းမက အခုလို အပြင်ကို...ခဏခဏ ထွက်နေပမလား...

ကားလေးထဲမှာ ခွေခေါက်ထိုင်ရင်း ရီရီက မကျေမနပ် တွေးလိုက်သည်။

အာ...ငါ စီနီယာကို ဖုန်းခေါ်လို့ ရနေတာပဲဟာ...

စိတ်ကူးနဲ့အတူ ရီရီက နံပါတ်တချို့ကို နှိပ်ကာ ဝမ်ရိပေါ်ဆီ ဖုန်းခေါ်လိုက်သည်။

*ဟယ်လို စီနီယာ...

*ရီရီလား...

တဖက်မှ စီနီယာ၏ အသံကို ကြားလိုက်ရသဖြင့် ရီရီ ဝမ်းသာသွားသည်။

*ဟုတ်ကဲ့...နေကောင်းသွားပြီလား စီနီယာ...ဒဏ်ရာကရော သက်သာရဲ့လား...

*အင်း...သက်သာပါတယ်...စခန်းမှာရော အဆင်ပြေရဲ့လား...

ဝမ်ရိပေါ်ရဲ့ ပုံမှန်စကားသံကြောင့် ရီရီ အနည်းငယ် စိတ်အေးသွားရသည်။

*အဆင်ပြေပါတယ် စီနီယာ...စီနီယာ အခု ဘယ်မှာလဲ...ရီရီ စိတ်ပူနေတာ...အဲ့ဒါ စီနီယာကို လာတွေ့မလို့...အိမ်မှာပဲလား...

ရီရီက စကားလမ်းကြောင်း ခင်းလိုက်သည်။

*အာ...ယောကျင်္ားလေး တယောက်အိမ်ကို...ဘာလို့ လာမှာလဲ...ငါ အဆင်ပြေပါတယ်...စိတ်ပူမနေနဲ့...နင်သာ အလုပ်ထဲမှာ အာရုံထား...ငါ့ဆီ လာမနေနဲ့...

စီနီယာရဲ့ တားမြစ်သံကြောင့် ရီရီ စိတ်ညစ်သွားရသည်။

*ဒါပေမယ့်...

*နင့်ကိုယ်နင်ပဲ စိတ်ပူစမ်းပါဟာ...စိတ်နဲ့ လူနဲ့ ကပ်အောင် နေ...ဟိုတခါလို ဒဏ်ရာရရင်...ဘယ်ကောင်းမလဲ...
ဒါပဲနော်...ထမင်းစားဖို့ ခေါ်နေပြီ...

*စီ...စီနီယာ...စီနီယာ...
ဟာာာာာ...

ဖုန်းချသွားတဲ့ စီနီယာကြောင့် ရီရီ စိတ်ညစ်သွားရသည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now