(Unicode)
လူသတ်သမား ပြန်မလာတော့တာ သေချာမှ လမ်းချိုးလေးကို သွေဖီပြီး လမ်းမကြီးဆီမှတဆင့် အိမ်သို့ ပြန်လာခဲ့ကြသည်။
*နောက်ဆို အဲ့လမ်းကို မသုံးတော့ဘူး...အန္တရာယ်များတယ်...
ရှောင်းကျန့်က ဝမ်ရိပေါ် လက်ကို တွဲထားရင်းမှ ပြောလိုက်သည်။
*အင်း...
*ရိပေါ်...မင်း နံရိုးက အရမ်း နာနေတာလား...လမ်းဆက်လျှောက်လို့ ဖြစ်ပမလား...
ဝမ်ရိပေါ်ရဲ့ အခြေအနေကို ကြည့်ပြီး ရှောင်းကျန့်က စိုးရိမ်တကြီး မေးလိုက်သည်။
*ရပါတယ်...ဒီနေ့ လှုပ်ရှားတာ...နည်းနည်း များသွားလို့ပါ...
ဝမ်ရိပေါ်က တုန်ယင်ချင်နေတဲ့ အသံကို ထိန်းရင်း ပြောလိုက်သည်။ သို့သော်လည်း ရှောင်းကျန့်က သေသေချာချာ နားစိုက်ထောင်နေခဲ့သည်။
*ကောကြောင့်ပါ...
*မဟုတ်ပါဘူး...ကျွန်တော်လည်း အရင်ရက်တွေ ကတည်းက...သေချာ ဂရုမစိုက်ခဲ့မိလို့ပါ...
ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်၏ မျက်လုံးလေးများ ပြူးသွားရသည်။
အဲ့ဒါကြောင့် ဒီကောင်လေးကို သူ စိတ်မချနိုင်တာလေ။
*ဘာ...ဝမ်ရိပေါ်...မင်း...မင်းတော့နော်...ငါ သေသေချာချာ ပြောထားရဲ့နဲ့ စကားကို နားမထောင်ဘူးပဲ...ငါ လုပ်ထည့်လိုက်ရ...
အား...တကယ်ပါပဲ...ရှောင်းကျန့် တယောက် ဝမ်ရိပေါ်ကို ထုထောင်းချင်လောက်အောင် အသည်းယားနေသော်လည်း ထုထောင်းလိုက်လို့ မဖြစ်တဲ့ အခြေအနေမို့ ဆွေ့ဆွေ့ခုန်နေတော့သည်။
*လာခဲ့...လာခဲ့...မင်း အိမ်ရောက်မှ သိမယ်...
တွေ့ရာ တက္ကစီကို တားဖို့ ကြိုးစားရင်း ရှောင်းကျန့်တယောက် ရှုပ်ယှက်ခတ် နေတော့သည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေလေသည်။
*ကော...ဟိုမှာ ကျွန်တော်တို့ တိုက်ခန်းလေ...ရောက်နေပြီဟာကို...
*ဟင်...ငါ သိတယ်...ဘာမှ လာမပြောနဲ့...လာခဲ့...
ရှောင်းကျန့်က ပြန်အော်လိုက်ရင်း ဘောက်ဆတ် ဘောက်ဆတ်နဲ့ ရှေ့မှ ထွက်သွားလေသည်။ ဝမ်ရိပေါ်ခမျာမှာတော့ ရယ်ချင်သော်လည်း မရယ်ရဲခဲ့။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfikce(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)