YFG 05 (U&Z)

2.9K 198 5
                                    

(Unicode)

မနက် ၆ နာရီခွဲ.....

Duty ပြီးတာနဲ့ နားနေခန်းမှာ အဝတ်အစားလဲပြီး ဆေးရုံမှ ရှောင်းကျန့် ထွက်လာခဲ့သည်။

*ရှောင်းကျန့်...ပြန်ပြီလား...

နှုတ်ဆက်သံကြောင့် ရှောင်းကျန့် လှည့်ကြည့်လိုက်သည်။

*အာ...စီနီယာကျန်...
ဟုတ်ကဲ့...duty ပြီးလို့ ပြန်တော့မှာပါ...

ကျန်စီးချိန်က ရှောင်းကျန့် ရှိရာဆီ လျှောက်လာခဲ့သည်။

*Congratulation ရှောင်းကျန့်...

*ဘာအတွက်လဲ...

လက်ကမ်းလာတဲ့ ကျန်စီးချိန်ကြောင့် ရှောင်းကျန့်က မေးလိုက်သည်။ ကျန်စီးချိန်က ပြုံးလေသည်။

*ဝန်ကြီးကို ခွဲစိတ်ဖို့...မင်းကို ရွေးထားတယ်ဆို...

*အာ...အဲ့ဒါက...

ရှောင်းကျန့်က စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်နေခဲ့သည်။

*ကြိုးစားနော် ရှောင်းကျန့်...အဲ့ဒါက မင်းအတွက်...အခွင့်အရေးကောင်း တခုပဲ...လက်မလွတ်လိုက်နဲ့...နားလည်လား...မင်း လုပ်နိုင်ပါတယ်ကွာ...

ကျန်စီးချိန်က ရှောင်းကျန့် ပုခုံးကို ပုတ်ကာ ဝမ်းသာအားရ အားပေးစကား ပြောနေခဲ့သည်။ ရှောင်းကျန့်က နူးညံ့စွာ ပြုံးရင်း ခေါင်းငြိမ့်လိုက်သည်။

*ကျေးဇူးပါ စီနီယာကျန်...
ကျွန်တော် ကြိုးစားပါမယ်...

*ဒါမှပေါ့ ရှောင်းကျန့်ရယ်...မင်းက လူတော်တယောက်ပါ...

*သူက ဘာတွေ တော်နေလို့လဲ ကိုကို...ကိုကို့လို လူကတောင်...ချီးကျူးနေရတယ် ဆိုတော့...

ရုတ်တရက် စကားဝိုင်းထဲ ဝင်လာတဲ့ လွင်ရှင်းကြောင့် ရှောင်းကျန့်နဲ့ ကျန်စီးချိန်က လှည့်ကြည့်လိုက်သည်။

*လွင်ရှင်း...စကားကို အဲ့လို မပြောရဘူးလေ...ရှောင်းကျန့်က လူတော် တယောက်ပါ...အခုလည်း ဝန်ကြီးကို ခွဲစိတ်ဖို့ တာဝန်ကို သူ ယူထားရတာလေ...ဒီခွဲစိတ်မှုသာ အောင်မြင်သွားရင်...နောင်တချိန်မှာ ရှောင်းကျန့်က...သိပ်ကို အောင်မြင်တဲ့ ခွဲစိတ်ပါရဂူကြီး ဖြစ်လာမှာ...ဒါကြောင့် ကိုကိုက အားပေးနေတာ...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now