(Unicode)
*ကျွန်တော်က ကျန့်ကောကို ခိုးပြေးမှာ...
မြတ်စွာဘုရား...
အခန်းထဲမှ သားရဲ့ စကားသံကြောင့် အခန်းပြင်မှာ ရပ်ပြီး နားစွင့်နေတဲ့ လွေလျောင်ချင်း တယောက် ရင်ဖက်ဖိကာ ကြက်သေသေလျက် ရှိနေတော့သည်။
ဟင်းးး...
သက်ပြင်းမောကို ချပြီး အခန်းတွင်းသို့ လွေလျောင်ချင်းက ဝင်လာခဲ့သည်။
*သားလေး...ဒီနေ့ရော စခန်းကို မသွားဘူးလား...
*ဟင့်အင်း မား...ကျန့်ကော တယောက်ထဲ ပျင်းနေမှာ စိုးလို့...ခေါင်းဆောင်ကိုလည်း ပြောထားတယ်...ကျန့်ကော ဆေးရုံ ဆင်းမှ...စခန်းကို လာတော့မယ်လို့...
ဝမ်ရိပေါ်၏ စကားကြောင့် ရှောင်းကျန့် မျက်လုံးလေးများ ဝိုင်းသွားရသည်။
*အာ...မဟုတ်တာပဲ...ခေါင်းဆောင်ရှောက်ကို အားနာစရာကြီး...ကော နေလို့ အဆင်ပြေပါတယ်...အမှုအတွက် ယွဲ့ဖန် တယောက်ထဲ ဖြစ်နေမှာပေါ့...မင်း စခန်းကို သွားလို့ ရပါတယ်...ကောကို စိတ်မပူပါနဲ့...
*မပြေပါဘူး...ဆရာဝန်တွေက ပြောထားတယ်လေ...ဒဏ်ရာက ကျန့်ကောရဲ့ အူနံရံတွေကို...နည်းနည်းစီ ထိခိုက်သွားတာမို့...ငြိမ်ငြိမ်နေရမယ်...လှုပ်လှုပ်ရှားရှား မလုပ်ရဘူး...အလေးအပင် မ မရဘူး...အူတွေမှာ ဒဏ်ဖြစ်...
*ကောက ဆရာဝန်ပါ ရိပေါ်ရယ်...ကော နေတတ်ပါတယ်...
လူတတ်ကြီး လုပ်ကာ ဆရာကြီးပုံစံနဲ့ ပြောနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ကြားဖြတ်ကာ ပြောလိုက်သည်။ ဝမ်ရိပေါ်က ခေါင်းခါပြလိုက်သည်။
*မရဘူး...မရဘူး...ကျန့်ကောက ဆရာဝန်ဆိုပေမယ့်...အခုလို အခြေအနေမှာ...ကျွန်တော် အနားမှာ ရှိမှ ဖြစ်မှာ...လုံး...ဝ...စိတ်မချဘူး...
ဘယ်လိုပဲ ပြောပြော ရှောင်းကျန့်အနားမှ ခွာမရတဲ့ သားကို ကြည့်ပြီး လွေလျောင်ချင်းက ခေါင်းခါလိုက်မိသည်။
လုံးဝကို ကယ်တင်လို့ မရတော့ဘူးပဲ...ငါတော့ ဒေါက်တာရှောင်းနဲ့ပဲ...ဆွေးနွေးရတော့မယ်...
💉 💉💉 💉💉💉
ရှောင်းကျန့် အနည်းငယ် ထူထူထောင်ထောင် ဖြစ်လာချိန်မှာတော့ မတတ်သာတဲ့ အဆုံး ဝမ်ရိပေါ် တယောက် စခန်းကို အလုပ်ပြန်ဆင်းရတော့သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfic(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)