YFG 32 (U&Z)

2.6K 196 4
                                    

(Unicode)

*ကော...ကျွန်တော် ဒီအနားမှာ ရှိနေတယ်နော်...မကြောက်နဲ့...

ခွဲခန်းဝတ်စုံလေး ဝတ်လျက် မိမိ နောက်ဘက် ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က လှည့်ကြည့် လိုက်သည်။ ဝမ်ရိပေါ်က လက်သီးလေးဆုပ်ကာ ထောင်ပြလိုက်သည်။

*Fighting ကျန့်ကော...

*အင်း...

လုံခြုံစိတ်ချတယ်ဆိုတဲ့ ခံစားချက်ကြောင့် ရှောင်းကျန့် တယောက် ခွဲစိတ်မှုကို စတင်ရန် အာရုံစိုက်လိုက်သည်။

*မေ့ဆေး ပေးပါမယ်...

Operation ခန်းတို့၏ ထုံးစံအတိုင်း မကြာခင်မှာပင် သွေးညှီနံ့တို့ ပျံ့လွင့်လာတော့သည်။

💉 💉💉 💉💉💉

ဝန်ကြီး၏ ညီနှင့် စကားပြောပြီးနောက် ခန်းလျှိုက လူနာခန်းမှ ပြန်လည် ထွက်ခွာခဲ့သည်။ လွေလျောင်ချင်းကလည်း နံဘေးမှ လိုက်ပါလာသည်။

*ဒါနဲ့ မစ္စစ်လွေ...ကျွန်တော့်ကို စိတ်မဆိုးဘူး ဆိုရင်...ခွဲစိတ်ခန်း အခြေအနေလေးလည်း...ကြည့်သွားချင်သေးတယ်...တကယ်လို့များ ဝန်ကြီးက ခွဲစိတ်မယ်လို့...သဘောတူခဲ့ရင် အဆင်ပြေအောင်လို့ပါ...

ခန်းလျှိုက လွေလျောင်ချင်းအား ပြောလိုက်သည်။

*ဪ...ရပါတယ်ရှင်...ကြည့်ပါ...ကျွန်မ မန်နေဂျာကို ခေါ်လိုက်ပါဦးမယ်...နားနေခန်းမှာ ခဏစောင့်ပါဦး...

ခန်းလျှိုကို နားနေခန်းထဲမှာ ထည့်ထားခဲ့ပြီး မန်နေဂျာဆီသို့ လွေလျောင်ချင်းက ဖုန်းဆက်လိုက်သည်။

*အေး...အဆင်သင့်ပဲလား...တက်လာလို့ ရပြီလား...

*ရပြီ မမကြီး...အဆင်သင့်ပဲ...

မန်နေဂျာ၏ အဖြေကို ရသည်နှင့် လွေလျောင်ချင်းက ပြုံးလိုက်သည်။ ထို့နောက် ခန်းလျှို ရှိရာ နားနေခန်းဆီ ဝင်လိုက်သည်။

*ပါရဂူကြီးရေ...ကျွန်မတို့ အပေါ်ထပ်ကို တက်ကြရအောင်...ခွဲစိတ်ခန်းတွေက အပေါ်ထပ်မှာပါ...

လွေလျောင်ချင်းက ဦးဆောင်ပြီး ခွဲစိတ်ခန်းတွေ ရှိရာဆီ ထွက်လာခဲ့ကြသည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now