(Unicode)
အခန်းထဲက ဆွဲခေါ်လာတာ ဝမ်ရိပေါ် ဆိုပေမယ့် တကယ်တမ်းကျတော့ ဘယ်ကို သွားရမည် မသိ။ ထို့ကြောင့် ဆေးရုံ ခေါင်မိုးထပ်ဆီသို့ ရှောင်းကျန့်က ဦးဆောင်ကာ တက်လာခဲ့ကြသည်။ ကွင်းပြင်ကျယ်မှာ နှစ်ယောက်သား ဘေးချင်းယှဉ္ပြီး ရပ်လိုက်မိသည်။
*ဟူးးးး...
ရှောင်းကျန့်က သက်ပြင်းမောကို မှုတ်ထုတ်လိုက်သည်။
*အဆင်ပြေရဲ့လား ကော...ကော ဘာဖြစ်နေတယ်ဆိုတာ...ကျွန်တော့်ကို ပြောပြပါလား...
ဝမ်ရိပေါ်က စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။ ရှောင်းကျန့်က ခေါင်းလေး ငုံ့သွားသည်။
*ရိပေါ်...တကယ် ပြောရရင်...ငါ ကြောက်တယ်...ကြောက်တယ် ဆိုတာထက်...လန့်နေတာ ဆိုရင်...ပိုမှန်မလား မသိဘူး...
ရှောင်းကျန့်က ခပ်တိုးတိုးလေး ပြောလိုက်သည်။
*ကျွန်တော် နားလည်ပါတယ်...
ဝမ်ရိပေါ်က ရှောင်းကျန့် ပုခုံးတဖက်ကို လက်နဲ့ ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ ရှောင်းကျန့်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ဝမ်ရိပေါ် လည်တိုင်ကို ဖက်တွယ်လိုက်လေသည်။
*ကော ကြောက်တယ် ရိပေါ်...အမှောင်ထဲက အဲ့ဒီလူက...ဘယ်အချိန်မှာ...ကောကို အန္တရာယ် လာပေးမလဲ မသိနိုင်ဘူး...တကယ် ကြောက်တယ်...တခြားသူတွေ ရှေ့မှာ...ဘာမှမဖြစ်သလို ပြောနေပေမယ့်...မင်းရှေ့မှာတော့ အရှိအတိုင်းပဲ...နေချင်မိတယ်...
*ကျွန်တော်...ကောကို ကာကွယ်မှာပါ...
*အင်း...
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပြန်လည် ထွေးပွေ့ရင်း ပြောလိုက်သည်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကိုသာ လွတ်ထွက်သွားမှာ စိုးသလို တွယ်ဖက်နေခဲ့သည်။
*တခုခုဆိုရင်...ကျွန်တော့်ဆီကို ဖုန်းဆက်လိုက်နော်...ကျွန်တော် ကောအနားမှာ...အမြဲတမ်း ရှိနေမယ်...ဟုတ်ပြီလား...
*အင်း...
ရှောင်းကျန့်က ဝမ်ရိပေါ်ကို ကလေးတယောက်လို ဖက်တွယ်ထားရင်း ခေါင်းငြိမ့်လိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့် ကျောပြင်ကို ခပ်ဖွဖွ ပုတ်ကာ နှစ်သိမ့်နေခဲ့သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Hayran Kurgu(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)