YFG 08 (U&Z)

3K 191 6
                                    

(Unicode)

မိမိရှေ့မှ ဝက်ပေါင်းဆီချက် ပန်းကန်ကို ကြည့်ရင်း ရီရီ တယောက် ငိုင်နေခဲ့သည်။ အရင်လို စီနီယာနှင့် အစားအသောက် အပြိုင်စားခဲ့ကြတဲ့ အချိန်တွေကို သတိရမိသည်။

ဘာလို့လဲ...ဘာလို့ ငါက စီနီယာ့ မျက်လုံးထဲမှာ...ရှိမနေရတာလဲ...

ဒီနေ့ ဝက်ပေါင်းဆီချက် စားဖို့ကို မိမိက အရင် တောင်းဆိုခဲ့သည်။ အရင်လို တယောက်တပေါက် ဆိုင်မရွေးပဲ အသာတကြည် လိုက်လျောပေးလို့ ဝမ်းသာခဲ့ရသည်။

သို့သော်လည်း.....

💉 💉💉 💉💉💉

*ရီရီ...မင်း ဘာစားမှာလဲ...

ရီရီ စားပွဲမှာ ထိုင်လိုက်တာနဲ့ ဝမ်ရိပေါ်က မေးလိုက်သည်။

*ဝက်ပေါင်း ဆီချက်...ဝက်ပေါင်း ဆီချက်...

ရီရီက ကလေးတယောက်လို အော်သည်။ ဝမ်ရိပေါ်က လှည့်ထွက်ရန် ပြင်လိုက်သည်။

*စီနီယာ...ဘယ်သွားမလို့လဲ...

*မင်း ဆာနေပြီဆို...မြန်မြန်ရအောင် သွားပြောမှပေါ့...

ဝမ်ရိပေါ်က ပြောပြီး ထွက်သွားသည်။ ရီရီက ကျေနပ်စွာ ပြုံးလိုက်သည်။

*ဒီလိုကျ စီနီယာက...ဂရုစိုက်တတ်သားပဲ...ဟိ...

ရီရီက ဝမ်ရိပေါ်  ရှိရာ order counter ဆီသို့ လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေခဲ့သည်။ ဝမ်ရိပေါ်က ဟိုမေး ဒီမေး လုပ်နေသည်ကို ငေးကြည့်နေရင်း အတွေးနယ်ချဲ့နေခဲ့သည်။

အင်း...စီနီယာက အားကိုးချင်စရာကြီး...ငါ အကြိုက် .boyfriend material type ကြီး...

အတန်ကြာမှာ ဝမ်ရိပေါ်က သူမ ရှိရာ စားပွဲဆီ ပြန်ရောက်လာခဲ့သည်။

*ဘာမှာခဲ့လဲ စီနီယာ...စီနီယာက ဘာစားမှာလဲ...

ရီရီက စိတ်အားထက်သန်စွာ မေးလိုက်သည်။ ဝမ်ရိပေါ်က ပြုံးလိုက်သည်။

*အင်း...ဖက်ထုပ် အကျွတ်ကြော်ရယ်...နံရိုးပေါင်းရယ်...hotpot one set နဲ့ ထမင်းရယ်...ဘာလဲ...မင်းပါ စားချင်လို့လား...စားပွဲထိုး ခေါ်ပေးမယ်လေ...ဒါကိုတော့ မင်းဘာသာ ပေးရမယ်...ငါ ရှင်းမပေးနိုင်ဘူး...ဒီလို ဆိုင်ကောင်းကောင်းကို ရွေးပေးလို့...ပထမတပွဲကို ငါ ဝယ်ကျွေးတာ...ဒါပဲ...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now