YFG 22 (U&Z)

3K 199 6
                                    

(Unicode)

Nature Heal Hospital ရှေ့ကို ကားလေးတစီး ထိုးစိုက်လာသည်။

*ကော သွားတော့မယ်နော် ရိပေါ်...ဆေးရုံ ဝင်ပြဖို့လည်း မမေ့နဲ့ဦး...ကြားလား...

ရှောင်းကျန့်က ဝမ်ရိပေါ် ဆုပ်ကိုင်ထားတဲ့ သူ့လက်တဖက်ကို ဆွဲယူရင်း ပြောလိုက်သည်။

*ကော...

*ဟင်...ဘာလဲ...

ဝမ်ရိပေါ်က ပါးတဖက်ကို ဖောင်းကာ ရှောင်းကျန့်ဘက်ကို တိုးပေးလိုက်သည်။

*ရူးနေလား...ဆေးရုံရှေ့မှာလေ...
မင်းကို အိမ်ပေါက်ဝမှာကတည်းက...ပေးပြီးသား...လွတ်တော့...သွားတော့မယ်...

*ကောကလည်း...

ဝမ်ရိပေါ် ဖမ်းဆုပ်ထားတဲ့ လက်ကို ရှောင်းကျန့်က ခပ်ဆတ်ဆတ်လေး ရုန်းလိုက်သည်။ မရုန်းလို့လည်း မရဘူးလေ။ ဟိုမှာ လွင်ရှင်းက ကားဆီကို အပြေးလာနေလေပြီ မဟုတ်လား။

*ဟိုမှာ လွင်ရှင်း လာနေပြီ...
သွား...မြန်မြန် သွားတော့...သွား...

ရှောင်းကျန့်က ကားပေါ်မှ ကဗျာကယာ ဆင်းရင်း ဝမ်ရိပေါ်ကို ပြောလိုက်သည်။ ဝမ်ရိပေါ် မျက်နှာလေး ပြုံးသွားရလေသည်။

တွေ့လား...ကျန့်ကောက ကျွန်တော့်ကို...ဘယ်လောက် အူတိုတယ် ဆိုတာ...အဟီး...

ဆေးရုံထဲ အပြေးဝင်သွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ဝမ်ရိပေါ်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ထို့နောက် ကားမှန်ကို ချကာ လှမ်းအော်လိုက်လေသည်။

*ကျန့်ကော...ကျွန်တော် သွားပြီနော်...တာ့တာ...မွ...

*အာ...

ကားကို မောင်းထွက်ရင်း မိမိအား လှမ်းအော်ကာ fly kiss ပေးသွားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ခေါင်းကျိန်းသွားရလေသည်။ ဝမ်ရိပေါ်ကို မြင်၍ အပြေးထွက်လာတဲ့ လွင်ရှင်းတောင် ဆက်ပြေးရမလို ရပ်နေရမလိုနဲ့ ယောင်လည်လည် ဖြစ်ကျန်ခဲ့လေသည်။ ရှောင်းကျန့်ကတော့ duty ဝင်ရန် ပြေးလေတော့သည်။

💉 💉💉 💉💉💉

တကယ်ဆို လွင်ရှင်း duty ပြီးပြီမို့ ပြန်မလို့ပါ။ သို့သော်လည်း ဆေးရုံရှေ့မှာ ဝမ်ရိပေါ်ကို မြင်လိုက်ရသဖြင့် အခွင့်အရေး တခုကို အမိအရ ဖန်တီးဖို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်ရိပေါ်ရဲ့ အပြုအမူကြောင့် သူမ အူကြောင်ကြောင် ဖြစ်ကျန်ခဲ့ရသည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now