YFG 34 (U&Z)

2.8K 188 3
                                    

(Unicode)

*သားလေး...

*မား...

အနားကို ရောက်လာတဲ့ မိခင်ဖြစ်သူကို ဝမ်ရိပေါ်က အားကိုးတကြီး ဖက်တွယ် ထားလိုက်သည်။

*သားကြောင့်...သားကြောင့် ကျန့်ကောက ဓားထိုးခံလိုက်ရတာ မားရယ်...သားသာ ကမ်းခြေကို ခေါ်မသွားခဲ့ရင်...ကော အခုလို ဖြစ်မှာ မဟုတ်ဘူး...

ဝမ်းပန်းတနည်း ပြောနေတဲ့ သားဖြစ်သူကို လွေလျောင်ချင်းက ကြင်နာစွာ ထွေးဖက်ထားခဲ့သည်။ သားဖြစ်သူ၏ ကိုယ်ပေါ်မှ ဒဏ်ရာတွေကြောင့်လည်း စိတ်မကောင်း ဖြစ်သွားရသည်။

*သားလေးရယ်...တကိုယ်လုံးမှာလည်း ဒဏ်ရာတွေချည်း ပါပဲလား...

သားဖြစ်သူက သူ ဒဏ်ရာ ရကြောင်းကို မပြောပြဘဲ ရှောင်းကျန့် ဓားထိုးခံရပြီး အရေးပေါ် operation လုပ်ရကြောင်း၊ ဒီက ဆေးရုံမှာ စိတ်မချ၍ မိမိတို့၏ ဆေးရုံ Royal Healer သို့ ပြောင်းချင်ကြောင်းနှင့် ချက်ချင်း ပြောင်းနိုင်ဖို့ စီစဥ္ပေးရန်သာ ပြောခဲ့သည်။ သို့သော်လည်း စိတ်မချသော မိမိတို့ လင်မယားမှာ နှစ်ယောက်စလုံး လိုက်လာမိသောကြောင့်သာ တော်တော့သည်။

*မင်းကလည်းကွာ...ယောကျင်္ားဖြစ်ပြီး...မျက်ရည် မလွယ်စမ်းပါနဲ့...အဲ့ကောင်တွေကို ဘယ်လို ဖမ်းပြီး...အပြစ် ပေးနိုင်မလဲ ဆိုတာကိုပဲ...တွေးစမ်းပါ...အခုက ငိုနေရမယ့် အချိန် မဟုတ်ဘူး ငါ့သားရဲ့...လူမိုက်တွေကို ဖမ်းဆီးနိုင်ဖို့...ကြိုးစားရမယ့် အချိန်...ကြိုးစားစမ်းကွာ...ငါ့သား...အဖေ အားပေးတယ်...

မိမိ ပုခုံးအား ဆုပ်ကိုင်ပြီး ပြောလိုက်တဲ့ စကားကြောင့် ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။

*ပါး...

ဉက္ကဌဝမ်က ခေါင်းငြိမ့်ပြလိုက်သည်။ ဝမ်ရိပေါ်က အားတက်သွားသလို ပြန်ကြည့်သည်။

*ကဲ...မင်းတို့ နေခဲ့ကြဦး...ငါ ဆရာဝန်နဲ့ တွေ့ပြီး...ဆေးရုံ ပြောင်းဖို့ စီစဥ္လိုက်ဦးမယ်...

*ဒီနေ့ ပြောင်းလို့ရအောင် ပြောခဲ့ပါနော်...ကျွန်မ သားလေးကို...ဒီလောက် အဝေးကြီးမှာ...ဒဏ်ရာတွေနဲ့ မထားခဲ့နိုင်ဘူး...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now