(Unicode)
*အဖေ...
ဒါနဲ့များ ဘာလို့ ဒီလောက် နောက်ကျမှ ဆေးရုံကို ပို့ရတာလဲ...အခု လူနာကို ကယ်တင်ဖို့တောင် မလွယ်တော့ဘူး...
အရေးပေါ် ခန်းကို ရွေ့မယ်...မြန်မြန်လေး...*မဟုတ်ဘူး...နောက်မကျဘူး...ငါ့အပြစ် မဟုတ်ဘူး...မင်းတို့ မကုတတ်တာ...ဆရာဝန်ကြီး ဘယ်မှာလဲ...ဆရာဝန်ကြီး ဘယ်မှာလဲ...
ခန်းလျှို ရင်ထဲ ပူလောင်နေရသည်။
အဖေ သေလို့ မဖြစ်ဘူး...ငါက အဖေ သတ်တဲ့ကောင် ဖြစ်သွားလိမ့်မယ်...အဖေ မသေရဘူး...
*ခဏလေးပါ မောင်ရင်...အမတ်လောင်းကို နှုတ်ဆက်လိုက်ပါဦးမယ်...အရေးကြီး ပုဂ္ဂိုလ်မို့ပါ...မင်း သွားနှင့်...ငါ အခုပဲ လိုက်လာခဲ့မယ်...
ဘာလို့ ချက်ချင်း မလိုက်ရတာလဲ...အဲ့ကောင်ကြောင့်...အဲ့ကောင်ကြောင့် မလိုက်တာ...
*စိတ်မကောင်းပါဘူးကွာ...မင်း ဒီထက် စောရောက်ခဲ့ရင်...အသက်မီလောက်မှာပါ...အခုတော့...
*မဟုတ်ဘူး...နောက်မကျဘူး...ဆရာဝန်ကြီးနဲ့ တန်းမတွေ့ရလို့...
ဒီဆရာဝန် ချက်ချင်း လိုက်မလာလို့...သူ့ကြောင့်...မဟုတ်သေးဘူး...ဟိုကောင်...ဟိုအမတ်ကြောင့်...
*လူနာက...ရောက်လာ ကတည်းက...အသက် ပါလာတယ်ဆိုရုံလေးပါ ဆရာ...
မဟုတ်ဘူး...ငါ အချိန်မီ ပို့တာ...သူ မသေ သေဘူးလေ...ရအောင် ကုပေါ့...ဘာလို့ မကုနိုင်ရတာလဲ...
*အင်း...စိတ်ကို လျော့ပါကွာ...ဒီနေ့မှ ငါကလည်း အမတ်လောင်း ခရီးစဥ္နဲ့ အလုပ်များနေခဲ့လို့ပါ...တောင်းပန်ပါတယ်...
*ခင်ဗျားတို့ အားလုံး ကျုပ်အဖေကို သတ်တာ...ခင်ဗျားတို့လည်း သေရမယ်...သတ်ပစ်မယ်...
ကျုပ်ကို သားမိုက်ဖြစ်အောင် လုပ်ကြတာ...ခင်ဗျားတို့...
ကျုပ်ကို အဖေသတ်တဲ့သား ဖြစ်အောင် လုပ်ကြတာ...ခင်ဗျားတို့...
ကျုပ်ကို အရှက်ရအောင် လုပ်တာ...ခင်ဗျားတို့...
ခင်ဗျားတို့ အကုန်လုံးကို သတ်ပစ်မယ်...သတ်ပစ်မယ်...
ကျုပ်က သားလိမ္မာ...
လူတိုင်း အထင်ကြီးရတဲ့ သူ...💉 💉💉 💉💉💉
မျိုးရိုး ဂုဏ်၊ စည်းစိမ် ဂုဏ်၊ အသိုင်းအဝိုင်း ဂုဏ် တွေနဲ့ မြှောက်စားခံခဲ့ရတဲ့ ခန်းလျှို တယောက် မိမိ၏ ဂုဏ်သိက္ခာအတွက် ကိုယ့်အပြစ်ကို မမြင်ခဲ့။ မာနနဲ့ မာန်ကြောင့် အောက်ကျသွားမှာကို ကြောက်ရွံစိတ်နဲ့ တခြားသူကိုသာ အပြစ်လွှဲချနေခဲ့သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
أدب الهواة(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)