YFG 04 (U&Z)

2.9K 206 5
                                    

(Unicode)

*ဘယ်လိုလဲ ရိပေါ်...အိမ်ပြောင်းနေရတာ...အဆင်ပြေရဲ့လား...

စခန်းထဲကို ဝင်လိုက်သည်နှင့် ခေါင်းဆောင်ရှောက်က ဝမ်ရိပေါ်ကို မေးလိုက်သည်။

*ပြေပါတယ် ခေါင်းဆောင်...ဒါပေမယ့် တခုလောက် သိချင်တယ်...

ဝမ်ရိပေါ်က ခေါင်းဆောင်ရှောက်၏ စားပွဲ ရှိရာဆီ လာရင်း ပြောလိုက်သည်။

*ဘာကိုလဲ...

ခေါင်းဆောင်ရှောက်က မေးလေဆိုတဲ့ အကြည့်နဲ့ ကြည့်လေသည်။ ဝမ်ရိပေါ်က ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကာ ခေါင်းဆောင်ရှောက်ကို ကြည့်လိုက်သည်။

*ရှောင်းကျန့်က...တကယ့် ပစ်မှတ် အစစ်ရော...ဟုတ်ရဲ့လား...

*ဟင်...ဘာလို့လဲ...

ခေါင်းဆောင်ရှောက်က အံ့ဩစွာ မေးလေသည်။ ဝမ်ရိပေါ်က တခုခုကို စဥ္းစားသလို ငြိမ်နေသည်။

*ပြောလေ...မင်းက ဘယ်လို ထင်လို့လဲ...

*အစား သေခိုင်းမယ့်သူ...

*ဘာ...ဘယ်လို...

ခေါင်းဆောင်ရှောက်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

*ဟုတ်တယ်...ရန်သူကို အာရုံလွှဲချင်ရုံ...သက်သက်ပဲ...

*ဘာလို့ အဲ့လို ထင်တာလဲ...

*ခေါင်းဆောင်...ရှောင်းကျန့်ကသာ...ဝန်ကြီးကို...တကယ် ခွဲစိတ်မယ့်သူဆိုရင်...သူ့အခြေအနေက...အရမ်း နိမ့်လွန်းနေတယ်...

*ဟမ်...

*ဟုတ်တယ်...ဆရာဝန် သက်တမ်းကလည်း နုနုလေး...ဘာအဆောင်အယောင်...ဘာစည်းစိမ်မှလည်း မရှိဘူး...ခမ်းနားကြီးကျယ်စွာ နေထိုင်တတ်တဲ့သူလည်း မဟုတ်ဘူး...နောက်ပြီး သူငှားနေတဲ့ အိမ်ကလည်း...တကယ့်ကို အလွယ်တကူ ဝင်လို့ရမယ့်နေရာ...သူကိုယ်တိုင်ကလည်း သဘော အရမ်းကောင်းတယ်...လူသတ်သမားကသာ သူ့ကို သတ်ချင်ရင်...ဘာအစီအစဥ္မှတောင်...ဆွဲနေစရာ မလိုဘူး...အရမ်း လွယ်ကူလွန်းတယ်...
ဒါကြောင့် သိချင်တာ...

ဝမ်ရိပေါ် စကားကြောင့် ခေါင်းဆောင်ရှောက်ခမျာ ငြိမ်ကျသွားရသည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now