(Unicode)
*မင်း...ငါနဲ့ တသက်လုံး အတူ နေနိုင်မှာ မဟုတ်ဘူး ရိပေါ်...စိတ်ကူး မယဥ္ပါနဲ့...မင်းက ငွေကို စိတ်ကြိုက်သုံးနိုင်တဲ့ သူဌေးသားပါ...ငါက အဘက်ဘက်ကို ကြည့်သုံး နေရတဲ့သူ...လက်တွေ့က စိတ်ကူးယဥ္တာနဲ့...ကွာခြား...
ဝမ်ရိပေါ် ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းပါးတွေကို ရှောင်လွှဲရန် ရှောင်းကျန့် ကြိုးစားလိုက်သည်။ သို့သော်လည်း မအောင်မြင်ခဲ့။ ဝမ်ရိပေါ် လက်မောင်းမှ ဒဏ်ရာအား ထိမိမှာကိုလည်း စိုးရိမ်နေခဲ့ရသည်။
*တော်ပါတော့...
ရှောင်းကျန့်က ရှောင်ဖယ်ရန် ကြိုးစားလိုက်သော်လည်း ဝမ်ရိပေါ်က အလွတ်မပေးခဲ့။ နောက်ဆုံး မိမိအား တွန်းကန်နေတဲ့ ရှောင်းကျန့်ရဲ့ လက်ကလေးတွေ အားလျော့ကျသွားမှ ဝမ်ရိပေါ်က လွှတ်ပေးလိုက်သည်။
*ကျွန်တော့်ကို ထားသွားဖို့ရယ်...လမ်းခွဲဖို့ရယ်...ကျန့်ကောနဲ့ ဝေးဝေး နေခိုင်းဖို့ရယ်က လွဲရင်...ကျန်တာတွေကို လက်ခံပေးဆို...လက်ခံပေးမယ်...ဒါပေမယ့် ကျွန်တော့်မှာ ကျန့်ကော မရှိလို့တော့ မရဘူး...
ရီဝေဝေ မျက်လုံးများနဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် မျက်နှာ လွှဲလိုက်သည်။
*ဒါပေမယ့် ကော ပြောနေတာကလည်း...အမှန်တရားပဲလေ...
*ဒေါက်တာရှောင်း...ခင်ဗျားက ဘယ်လို ဖြစ်ဖြစ် အဆင်ပြေရင်တောင်...ကျွန်တော်က အဆင်မပြေဘူးလို့ ပြောနေတယ်လေ...ခင်ဗျားအတွက်...ကျွန်တော်က လွယ်လွယ်ကူကူ ထားခဲ့လို့ ရရင်တောင်...ကျွန်တော့်အတွက်က လွယ်ကူမနေဘူး...ခင်ဗျား သိရဲ့လား...
မိမိအား လှုပ်မရအောင် ဖက်တွယ်ထားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သက်ပြင်းချလိုက်သည်။
*ငါ့အတွက်ရော...လွယ်မယ်ထင်လို့လား ရိပေါ်...ငါ အမြဲတမ်း တွေးမိတာ...မင်းကို ဘယ်လိုလေး လုပ်ပေးချင်တာ...နေထိုင်တတ်ဖို့ သင်ပေးချင်တာ...နောက်ပြီး မင်း မရှိရင်...
*ကျန့်ကောလည်း ကျွန်တော်နဲ့ အတူတူပဲ မဟုတ်လား...ဒါဆို ဘာလို့ ကျွန်တော့်ကို ထားသွားချင်ရတာလဲ...ကျန့်ကော မတရားဘူး...ကျွန်တော် အမြဲတမ်း ကျန့်ကော နေခိုင်းတဲ့ ပုံစံနဲ့ ရအောင်နေတယ်...ကျန့်ကော စကား နားထောင်တယ်...ဒါတောင် ကျန့်ကောက ကျွန်တော့်ကို ထားသွားချင်တုန်းပဲ...
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfiction(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)