(Unicode)
တောင်စဥ္ ရေမရ အတွေးတွေနဲ့ ရီရီ တယောက် ငြိမ်နေခဲ့သည်။
ဒီနေ့ စီနီယာက စခန်းကို မလာခဲ့ဘူးလေ။ ခွင့်တလ ဆိုတဲ့ အသံကိုသာ ခေါင်းဆောင်ထံမှ သဲ့သဲ့ကြားလိုက်ရတယ်။ ပုံမှန်ဆိုလျှင် ခေါင်းဆောင်ရှောက်က ဘာဘာညာညာ အစီရင်ခံစာတွေ တောင်းတတ်ပေမယ့် အခုတခေါက်ကတော့ ထူးဆန်းစွာပင် အေးအေး သက်သာ ရှိနေခဲ့သည်။
မအေးရတာက ရီရီ။
စီနီယာ စခန်းကို မလာရင် ဟိုမိတ်ကပ် တပိဿာမနဲ့.....
ရီရီ ဆက်မတွေးရဲ။
လွေလျောင်ချင်းရဲ့ စကားအရ ဆိုလျှင် စီနီယာက နံရိုး နှစ်ချောင်း အက်သွားလို့ ဆေးရုံကို သွားတယ်။ ဒါပေမယ့် ဆေးရုံ မတက်သလို သူ့အိမ်မှာလည်း မရှိဘူးတဲ့။ မနေ့ကအထိ စီနီယာရဲ့ ထမင်းဗူးကို အထူးစီမံခွင့် ရှိသူက ထည့်ပေးလိုက်တာ။
ဒါဆို...မဟုတ်ပါစေနဲ့...မဟုတ်ပါစေနဲ့...
အထိတ်တလန့် စိတ်နဲ့ နေမရတော့တဲ့အဆုံး အကြောင်းပြချက် ရှာကာ စခန်းအပြင်ကို ထွက်ရန် ရီရီ ကြံလိုက်သည်။
ဟိုမိတ်ကပ်တပိဿာမရဲ့ အိမ်ကို သူမ စုံစမ်းကာ စောင့်ကြည့် ရလိမ့်မည်။ အကယ်၍ စီနီယာကသာ ထိုမိန်းမအိမ်မှာ ရှိနေခဲ့လျှင် သူမ ဘာလုပ်ရမည်နည်း။
စီနီယာကို ဝင်ဆွဲကာ ခေါ်လာရမှာလား။
ဒါမှမဟုတ် အန်တီလွေကိုပဲ ဖုန်းဆက်ပြီး ခေါ်လိုက်ရမှာလား။ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ ထိုမိန်းမ၏ အိမ်လိပ်စာကို သူမ သိရန် အရေးကြီးလေသည်။ သို့မှသာ ဘာဆက်လုပ်ရမည်ကို သူမ စဥ္းစားနိုင်ပေလိမ့်မည်။
*ခေါင်းဆောင်...ဟိုတနေ့က အမှုမှာ လက်ကျန် သဲလွန်စ ရှာဖို့...ရီရီ သွားလိုက်ပါဦးမယ်...
ရီရီက ခေါင်းဆောင်ရှောက်ကို အစီရင် ခံလိုက်သည်။
*ဘာလဲ ပြန်ပေးဆွဲတဲ့ အမှုလား...
*မဟုတ်ဘူး ခေါင်းဆောင်...
ဖောက်ထွင်းမှုပါ...လူသတ်ပြီး ပစ္စည်းတွေ ယူဖို့ ကြိုးစားခဲ့တာလေ...နစ်နာသူကလည်း အခု ဆေးရုံမှာလေ...
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfikce(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)