YFG 24 (U&Z)

2.5K 178 3
                                    

(Unicode)

*ဟင်းးး...

Macbook ကို ပိတ်ပြီး ဝမ်ရိပေါ်က သက်ပြင်း ချလိုက်သည်။

*ဒီအခြေအနေလောက်နဲ့ ဝန်ကြီးကို သတ်ချင်နေတာလား...မဟုတ်သေးဘူး...တခုခုတော့ ရှိရဦးမယ်...ကွင်းဆက်တခု ပျောက်နေသလိုပဲ...ဟင်းးး...

အတွေးနဲ့အတူ ယွဲ့ဖန်ဆီကို ဝမ်ရိပေါ်က ဖုန်းခေါ်လိုက်သည်။

*ယွဲ့ဖန်...

*ဟုတ်ကဲ့ပါ အဖွဲ့မှူး...

တဖက်မှ ယွဲ့ဖန်ရဲ့ တက်ကြွတဲ့ အသံကို ဝမ်ရိပေါ်က ကြားလိုက်ရသည်။

*မင်း ပို့ပေးတဲ့ အစီရင်ခံစာထဲမှာပါတဲ့...Royal Crown က ဆရာဝန်ကြီးကို...ဘယ်မှာ တွေ့လို့ရနိုင်မလဲ...

ဝမ်ရိပေါ်က မေးလိုက်သည်။ ယွဲ့ဖန်က စိတ်ရှုပ်သွားသလို ဖြေသည်။

*အာ...အဲ့ဆရာဝန်ကြီးရယ်...တာဝန်ကျ ဆရာဝန်ရယ်က မရှိတော့ဘူး အဖွဲ့မှူးရဲ့...

*ဟေ...ဘယ်ရောက်သွားလို့လဲ...

ဝမ်ရိပေါ်က အံ့အားသင့်ကာ မေးလိုက်သည်။

*နှစ်ယောက်စလုံးက...ကား Accident ဖြစ်ပြီး ဆုံးသွားကြပါပြီ...လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကပဲ...ဘာသိချင်လို့လဲ အဖွဲ့မှူး...

*Accident နဲ့ ဆုံးသွားတယ်...ဟုတ်လား...ဒါဆို ဒီအစီရင်ခံစာက...

*အခု အဖွဲ့မှူးဆီ...ရေးပေးတဲ့ အစီရင်ခံစာက...အဲ့တုန်းက တာဝန်ကျခဲ့တဲ့...သူနာပြုထဲက တယောက်က...ပြောပြလို်က်လို့ပါ...

ယွဲ့ဖန်က စေ့စေ့စပ်စပ် ရှင်းပြလိုက်သည်။ ဝမ်ရိပေါ် စိတ်ထဲ လေးလံသွားရသည်။

*အင်းးးး...
ယွဲ့ဖန်...ဒီအမှုက ထင်ထားတာထက်...ပိုကြီးလိမ့်မယ်...
ငါ့ကို ဒေါက်တာခန်းလျှိုအကြောင်း စုံစမ်းပေး...

*ကောင်းပါပြီ အဖွဲ့မှူး...

ယွဲ့ဖန် ဖုန်းချသွားမှ ဝမ်ရိပေါ်က သက်ပြင်းမောကို ချလိုက်သည်။

​ထင်မထားတဲ့ ရက်စက်ခြင်းတွေ...ရှိနေသေးတာပဲ...ဟူးးး...

💉 💉💉 💉💉💉

အနောက်တိုင်း ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ သက်တော်စောင့် သုံးယောက် ခြံရံပြီး ဆေးရုံထဲသို့ ဝင်လာတဲ့ အမျိုးသမီးကြီးအား လူတိုင်းက ငေးကြည့်နေကြသည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now