YFG 07 (U&Z)

3K 192 4
                                    

(Unicode)

လွင်ရှင်း တယောက် နားနေခန်းထဲမှာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူမရဲ့ night duty က အခုလေးတင် ပြီးသွားခဲ့တာလေ။ ဒါပေမယ့် အိမ်ကို မပြန်နိုင်သေးဘူး။ ရှောင်းကျန့်နဲ့ တွေ့စရာကိစ္စ ရှိနေသေးသည်။

ဟုတ်တယ်။ ဟိုတနေ့က ရှောင်းကျန့် ဘေးမှာ တွေ့ခဲ့တဲ့ ကောင်လေးရဲ့ အနားကို ကပ်နိုင်ဖို့ ရှောင်းကျန့်ကို သူမ တွေ့မှ ရလိမ့်မည်။

ရှောင်းကျန့် အနားမှာ တွေ့ခဲ့ရတဲ့ ကောင်လေး နာမည်က ဝမ်ရိပေါ်တဲ့...
သူက ရဲဝန်ထမ်း...
သူ့မိဘကလည်း မတရား ချမ်းသာတယ်...
နောက်ပြီး တဦးတည်းသော သား...
ဝါသနာအရ ရဲဝန်ထမ်း အလုပ်ကို ဝင်လုပ်နေတာ...
မိန်းကလေးတွေနဲ့ ခပ်ခွာခွာ နေတတ်သူ...
အရှုပ်အရှင်း ကင်းတဲ့ သူဌေးသား လူချောလေးက ရှောင်းကျန့်နဲ့ ဘယ်လိုများ ရင်းနှီးနေရတာလဲ...
မိန်းကလေးတိုင်း သဘောကျနေတဲ့ အဲ့လူချောလေးကိုသာ ငါ ရလိုက်ရင်...ဟိ...ဟိ...

လွင်ရှင်းက သဘောကျစွာ ရယ်မောလိုက်သည်။ ဝမ်ရိပေါ်နဲ့ တွေ့ပြီးကတည်းက ဝမ်ရိပေါ်အကြောင်းကို လွင်ရှင်းက စုံစမ်းနေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူငယ်ချင်းတယောက်ရဲ့ ညီမလေးက ရဲဝန်ထမ်းဖြစ်နေပြီး သူမထံမှ ဝမ်ရိပေါ် အကြောင်းများကို သိခဲ့ရသည်။ အခုတော့ လွင်ရှင်း မျက်လုံးထဲမှာ ဝမ်ရိပေါ် တယောက်ကိုသာ မြင်ယောင်နေမိသည်။

ဝမ်ရိပေါ်လို သူဌေးသား လူချော ရဲအရာရှိတယောက်ကိုသာ သူမ လက်ထပ်နိုင်ခဲ့ရင် ဒေါက်တာ ကျန်စီးချိန် ဆိုတာ အပရိက ဖြစ်သွားမှာပဲလေ။ ဆရာဝန် အချောအလှလေး သူမက လူတိုင်း အားကျရတဲ့ သူဌေးချွေးမ ဖြစ်နေပြီ မဟုတ်ပါလား။

ဝမ်ရိပေါ် အနားကို...ငါ ရောက်အောင် သွားရမယ်...

💉 💉💉 💉💉💉

ရှောင်းကျန့် duty ချိန် ရောက်သည်အထိ စိတ်ရှည်ရှည်နဲ့ လွင်ရှင်း စောင့်နေခဲ့သည်။

နေ့လည် ၁ နာရီခွဲ.....
ရှောင်းကျန့် Duty ဝင်တာနဲ့ အပြေး သွားတွေ့ခဲ့သည်။

*ရှောင်းကျန့်...

*ဒီအတိုင်းပဲ on ထားပေးပါနော်...နောက်မှ အခြေအနေ တိုးတက်လာရင် လာသလို...ဆေးပြောင်းပေးပါမယ်...သွားလို့ရပါပြီ...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now