YFG 14 (U&Z)

2.8K 195 4
                                    

(Unicode)

ဆိုးရွားလှတဲ့ အဖြစ်အပျက်ကို ဆေးရုံက တိတ်တဆိတ် ​ဖြေရှင်းခြင်းဖြင့် ကျေအေးလိုက်သည်။ ဒေါက်တာ ခွန်ချိုကလည်း သူငယ်ချင်းဖြစ်သူ ရှောင်းကျန့်အတွက် စိတ်ပူပန်စွာဖြင့် ရှိနေကြောင်း ဝမ်ရိပေါ် သိခဲ့ရသည်။

*ညီ တတ်နိုင်ရင်...ရှောင်းကျန့်ကို စောင့်ရှောက်ပေးပါကွာ...အစ်ကို သူ့ကို စိတ်မချဘူး...သူက လူတိုင်းအပေါ် မှာ...အရမ်းကို စိတ်ထားကောင်းလွန်းတယ်...နောက်ပြီး သူတပါးကိုလည်း သံသယ မရှိတတ်ဘူး...

သက်ပြင်းလေးလေး တခုကို ဝမ်ရိပေါ်က ချလိုက်ရင်း ရှောင်းကျန့် ရှိရာဆီ လှမ်းကြည့်လိုက်သည်။ ရှောင်းကျန့်က ပြတင်းတံခါး အနားမှ ခုံလေးတလုံးပေါ်မှာ ငြိမ်ငြိမ် ကုတ်ကုတ်လေး ထိုင်နေခဲ့သည်။ အရင်လို စကားတွေ ပြောမနေခဲ့။ တိတ်ဆိတ်နေခဲ့သည်။

*ကျန့်ကော...ဒီနေ့ရော ဘာတွေ ဖြစ်သေးလဲ...ပြောပါဦး...

ကလေးတယောက်ကို မေးသလို ဝမ်ရိပေါ်က မေးလိုက်သည်။

*ဟင်...ဘာမှ မဖြစ်ပါဘူး ရိပေါ်...အဆင်ပြေပါတယ်...

ရှောင်းကျန့်က ခပ်ငေးငေး ပြန်ဖြေသည်။ ဝမ်ရိပေါ်က ရှောင်းကျန့် အနားကို တိုးကပ်လိုက်သည်။

*ကျန့်ကောကို...ကျွန်တော် ဖက်ထားလို့ရမလား...

*ဘာလုပ်ဖို့လဲ...

ရှောင်းကျန့်က ခပ်ကျုံ့ကျုံ့လေး ပြင်ထိုင်ရင်း ဝမ်ရိပေါ်ကို ပြန်မေးလိုက်သည်။

*ကော စိတ်ထဲမှာ မလုံခြုံဘူးလို့...ခံစားနေရတယ် မဟုတ်လား...ကျွန်တော်က ကောကို လုံခြုံတယ်လို့...ခံစားရစေချင်တယ်...ကျွန်တော် ကောကို ကာကွယ်မှာမို့...ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ပြောပြပါနော်...
ကောကို အရင်လို စကားတွေ ပြောရင်း...ပျော်ရွှင်နေတဲ့ ပုံလေးပဲ...ဖြစ်နေစေချင်တယ်...သိရဲ့လား...

*အင်း...

မိမိအား ပွေ့ဖက်လာတဲ့ ဝမ်ရိပေါ်ရင်ခွင်ထဲ တိုးဝင်ရင်း ရှောင်းကျန့်က မော့ကြည့်လိုက်သည်။

ပါးဖောင်းဖောင်းလေးတွေနဲ့...ချစ်စရာကောင်းတဲ့ ဒီကောင်လေးက...ငါ့ကို ကာကွယ်မှာတဲ့လား...ငါ သူ့ကို ပြောပြလိုက်ရမလား...အဆင်ပြေပမလား...သူအတွက်လည်း အန္တရာယ် ဖြစ်သွားမလား...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now