YFG 27 (U&Z)

2.7K 190 4
                                    

(Unicode)

*ရိပေါ်...ဘာလုပ်နေတာလဲ...

MacBook တလုံး နဲ့ အလုပ် ရှုပ်နေတဲ့ ဝမ်ရိပေါ် နံဘေးမှာ ရှောင်းကျန့်က ပူးကပ်ပြီး မှီထိုင်လိုက်သည်။

*မွ...

*အာ...

မိမိ ပါးကို နမ်းလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်နှာလေး ပြုံးသွားရသည်။

*ဘာလုပ်နေတာလဲ...

ဝမ်ရိပေါ် ရင်ခွင်ထဲကို ကလေးတယောက်လို တိုးဝင်လိုက်ရင်း ရှောင်းကျန့်က မေးလိုက်သည်။

*ဇာတ်ညွှန်း ရေးနေတာလေ...ကျွန်တော့် ချစ်သူလေးဖို့...

*အဟားးး...ဘာတွေလဲ...ကြည့်မယ်...ကြည့်မယ်...ပြ...

ရှောင်းကျန့်က MacBook ရှေ့ကို တိုးကပ်ကာ ဖတ်လိုက်သည်။ ဝမ်ရိပေါ်က MacBook ကို ဘေးမှာ ချပြီး ရှောင်းကျန့်ကို ပွေ့ဖက်လိုက်သည်။

*ပြော...ခွင့်တင်ခဲ့ပြီးပြီလား...

*အင်း...တင်ခဲ့ပြီလေ...၃၀ ရက်နေ့ကနေ...၄ ရက်နေ့အထိ...၆ ရက်ကြီးများတောင်...

ဝမ်ရိပေါ်အား မော့ကြည့်ပြီး ရှောင်းကျန့်က လက် ၆ ချောင်းထောင်ကာ ဖြေလိုက်သည်။

*တော်တယ်...မွ...

*မင်းနော်...ငါ့ကို အားတိုင်း မွနေတာ...တော်တော် လွန်နေပြီ...

စိတ်ထဲက ကျေနပ်နေပေမယ့် ရှောင်းကျန့်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။

*ဘာဖြစ်လဲ...ကိုယ့်ရည်းစားကိုယ် မွတာ...မကျေနပ်ရင် ကောလည်း ပြန်မွပေါ့...

*နစ်နာနေဦးမယ်...ဟင်းးး...

ရှောင်းကျန့်က မျက်စောင်းလေး ထိုးကာ ပြောလိုက်သည်။ ဝမ်ရိပေါ်က သဘောကျစွာ ရယ်မောနေသည်။

*အားးး...ပြောစရာ ရှိတယ်...

မိမိ ရင်ခွင်ထဲ လှဲနေတဲ့ ရှောင်းကျန့် လက်မောင်းပေါ် မေးတင်ပြီး ဝမ်ရိပေါ်က ပြောလိုက်သည်။

*ဘာလဲ...

*ကောလည်း ခရီးဆောင်အိတ် ပြင်ထားဦးလေ...

*ခရီးဆောင်အိတ်...ဘာလုပ်ဖို့လဲ...

ရှောင်းကျန့်က နားမလည်စွာ မေးလိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့် နှာဖူးပြင်ကို လက်ညိုးလေးနဲ့ တောက်လိုက်သည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now