(Unicode)
ဒေါက်...
ဒေါက်...
ဒေါက်...
ဆေးရုံ Lobby ထဲကို ခြေသံပြင်းပြင်းနဲ့ နင်းလျှောက် လာသံကြောင့် အခန်းထဲမှ လူအားလုံးရဲ့ မျက်ဝန်းများက အသံလာရာဆီ လှည့်ကြည့် လိုက်ကြသည္။
အမျိုးသမီး တယောက်...
လိမ်ကောက်ကောက် ဆံနွယ်များကို လှပစွာ ပုံသွင်းထားသည်။ မျက်နှာပေါ်မှ မိတ်ကပ်အရောင်ကြောင့် ပါးပြင်က ပန်းနုရောင်သန်းနေသည်။ နီရဲရဲ နှုတ်ခမ်းနီက သူမကို ပိုပြီး ဝင့်ကြွားနေစေပြန်သည်။
အမျိုးသမီးတယောက်အတွက် အတော်ပင် မြင့်မားတဲ့ အရပ်အမောင်းမှာ ပေါင်လယ်အထိ ခွဲထားတဲ့ စကပ်ကြောင့်လည်း လမ်းလျှောက်လိုက်တိုင်း အတွင်းသားများကို လှစ်ဟပြနေသလိုပင်။ လက်ထဲမှ လက်ကိုင်အိတ်ကို ထောင့်စွန်းမှ ဆွဲခါပြီး ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ လမ်းလျှောက်လာနေသည့် ထိုအမျိုးသမီးသည် ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ဟန် လုံးဝ မရှိခဲ့။ အနီရောင် ဒေါက်မြင့်ဖိနပ်ကို ခပ်ကြွကြွ နင်းလှမ်းရင်း Reception Counter ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားနေသည်။
*ဒေါက်တာ ခန်းလျှိုနဲ့ တွေ့ဖို့ပါ...မနေ့က appointment ယူထားတယ်...မနက် ၁၀ နာရီခွဲ...
နာမည်က...ချူး...ဝေ...ဝေ...မိန်းကလေး တယောက်အတွက် အနည်းငယ် ဩရှတယ် ထင်ရပေမယ့် ခပ်ဆွဲဆွဲ ပြောနေတဲ့ စကားသံက အတော်လေးကို နားထောင်လို့ ကောင်းနေပြန်သည်။
*ဟုတ်ကဲ့ပါ မမ...အခုပဲ လိုက်ပို့ပေးပါမယ်...
သူနာပြုလေးက လူနာ နာမည်စာရင်းကို စစ်ပြီး ပြောလိုက်သည်။ ချူးဝေဝေ ဆိုသည့် အမျိုးသမီးက မျက်တောင်လေး တချက် ခတ်ပြပြီး လက်ခံကြောင်း ပြလေသည်။ ထို့နောက်တွင်တော့ သူနာပြုလေး ဦးဆောင် ခေါ်ရာ နောက်ကို ခြေသံပြင်းပြင်းနဲ့ လိုက်ပါသွားလေတော့သည်။
💉 💉💉 💉💉💉
*ဒီအခန်းပါ မမ...
သူနာပြုလေးက အခန်းတံခါးကို ခေါက်ရန် ဟန်ပြင်လိုက်သဖြင့် ချူးဝေဝေက လက်ဟန်ပြကာ ဟန့်တားလိုက်သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfiction(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)