(Unicode)
ချောက်...
အိမ်တံခါး ဖွင့်လိုက်တာနဲ့ မှောင်မည်းနေတဲ့ အိမ်ခန်းကြောင့် ရှောင်းကျန့် အံ့ဩသွားရသည်။
ရိပေါ်...ပြန်မရောက်သေးဘူးလား...အရမ်း နောက်ကျနေပြီလေ...
ဘာဖြစ်နေလို့လဲ...မသိဘူး...စိုးရိမ်နေတဲ့ အတွေးနဲ့အတူ ဝမ်ရိပေါ်ဆီ ရှောင်းကျန့်က ဖုန်းခေါ်လိုက်သည်။ ဖုန်းသံမြည်နေပေမယ့် မကိုင်တာကြောင့်လည်း ရှောင်းကျန့် လန့်လာလေသည်။
ဘာများ ဖြစ်နေတာလဲ မသိဘူး...ငါ လိုက်သွားသင့်သလား...အစည်းအဝေး ရှိနေတာများလား...တခုခုများ ဖြစ်နေလို့လား...
မဖြစ်သေးပါဘူး...ကလေးမှ မဟုတ်တာ...လိုက်သွားရင် ဘယ်ကောင်းမလဲ...အိမ်ကပဲ စောင့်နေလိုက်မယ်...ခဏနေမှ ထပ်ခေါ်ကြည့်ရမယ်...
မိမိဘာသာ အစီအစဥ္ချပြီး ရှောင်းကျန့် တယောက် ရေမိုးချိုးကာ ထမင်းဟင်းများ နွှေးနေခဲ့သည်။ သို့သော်လည်း အချိန်ရတိုင်း ဝမ်ရိပေါ်ဆီကိုတော့ ဖုန်းခေါ်နေခဲ့သည်။
💉 💉💉 💉💉💉
ချောက်...
အိမ်တံခါး ဖွင့်သံကြောင့် ရှောင်းကျန့်က အပေါက်ဝဆီ အပြေးအလွှား သွားလိုက်သည်။
*ကျန့်ကော...ဘာဖြစ်လို့လဲဟင်...
တံခါးပွင့်တာနဲ့ အလောတကြီး ဝင်လာတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို လှည့်ပတ်ကာ ကြည့်လေသည်။
*ကော ဘာမှ မဖြစ်ပါဘူး ရိပေါ်...
*တော်သေးတာပေါ့...ကျွန်တော် အရမ်း စိတ်ပူနေခဲ့တာ...
အား...ရှောင်းကျန့် ပြောလိုက်မှ စိတ်ချသလို ရှိသွားတဲ့ ဝမ်ရိပေါ်က ဝမ်းဗိုက်ကို နှိပ်ကာ ခွေကျသွားသည်။
*ရိပေါ်...ဘာဖြစ်တာလဲ...ဘာဖြစ်...
ဟင်...ဒါတွေက ဘာဖြစ်လာတာလဲ...ဘယ်မှာ ထိခိုက်လာတာလဲ...ဝမ်ရိပေါ်ကို တွဲထူရင်း ရှောင်းကျန့်က အလန့်တကြား မေးလိုက်သည်။
*ကွင်းဆက် လူသတ်သမားကို သွားဖမ်းတာလေ...သူနဲ့ သတ်ပုတ်လာတာ...
*လာ...လာ...အခန်းထဲ သွားရအောင်...
ဝမ်ရိပေါ်အား အိပ်ရာမှာ လဲှစေပြီး ရှောင်းကျန့်က ဒဏ်ရာတွေကို ကြည့်လိုက်သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfiction(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)