(Unicode)
ဝမ်ရိပေါ် လာကြိုတဲ့ ကားလေးပေါ်သို့ ရှောင်းကျန့်က ခပ်သွက်သွက်လေး ပြေးတက်လိုက်သည်။
*မွ...
မိမိ လက်ဖဝါးလေးပေါ် အနမ်းတပွင့် ချွေပြီး ဝမ်ရိပေါ် ၏ ပါးပြင်ကို ရှောင်းကျန့်က ကပ်လိုက်သည်။
*အတတ်ကောင်းတွေ တတ်လာတာနော်...အိမ်ရောက်မှ တွေ့မယ်...
ဝမ်ရိပေါ်က မကျေမနပ် ပြောလိုက်သည်။ ရှောင်းကျန့်က ဖွဖွရယ်လေသည်။
*နေပါဦး...ဒီနေ့ ကျွန်တော့် ကောင်လေး အရမ်း တက်ကြွနေတာပဲ...ဘာဖြစ်လာလို့လဲ...
မျက်နှာပိုး မသေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က မေးလိုက်သည်။ ရှောင်းကျန့်က ဝမ်ရိပေါ် ရှိရာဘက်သို့ တကိုယ်လုံး လှည့်ကာ ပြုံးစိစိနဲ့ ကြည့်သည်။
*မင်း ပြောသလိုပဲ...ကောက တကယ်...တုံးတာ ထင်တယ် ရိပေါ်...
*ဘာလို့လဲ...
ဝမ်ရိပေါ်က နားမလည်နိုင်စွာ မေးလိုက်သည်။
*ကောကလေ...ဆင်းရဲတယ်...မချောင်လည်ဘူး ထင်ပြီး...ကူညီလိုက်တဲ့ အန်တီကြီးက...သူဌေးမကြီးတဲ့ကွာ...ဒီနေ့မှ ဆေးရုံမှာ ကောကို လာတွေ့တယ်...ကောမှာဖြင့် ရှက်လိုက်ရတာ...မျက်နှာတောင် ထူပူသွားတယ်...ဟီးးး...
ရှောင်းကျန့်က သူ့မျက်နှာလေးကို လက်ဖဝါး နှစ်ဖက်ကြား ဖွက်ရင်း ပြောသည်။
*ဟင်...ဘယ်သူလဲ...ဘယ်ကလဲ...ဘာလုပ်တာလဲ...
ဝမ်ရိပေါ်က စိုးရိမ်ပူပန်စွာ တရစပ် မေးလိုက်သည်။
အခုဆိုရင် ရှောင်းကျန့်က ဝန်ကြီးကို ခွဲစိတ်ဖို့ ပြင်ဆင်နေပြီ မဟုတ်လား။ အန္တရာယ်ပြုမယ့် တစုံတယောက်ဆိုလျှင် ဘယ်လိုလုပ်မလဲ။
*အန်တီ့နာမည်က လွေလျောင်ချင်းတဲ့...ဘာလုပ်လဲ...ဘယ်မှာနေလဲတော့...ကောလည်း မသိဘူး...
*မားးး...
💉 💉💉 💉💉💉
*မားးး...
ဝမ်ရိပေါ်က အလန့်တကြား ရေရွတ်လိုက်မိသည်။ ရှောင်းကျန့်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfiction(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)