YFG 06 (U&Z)

2.9K 192 5
                                    

(Unicode)

ကားပေါ် မှ ဆင်းပြီး mart ထဲကို ဝင်တဲ့အထိ မိမိအား ရှောင်းကျန့်မှ စူးစမ်းသလို ကြည့်နေကြောင်း ဝမ်ရိပေါ်က သတိထားမိခဲ့သည်။ မိမိရဲ့ကားကလည်း မကြာသေးခင်ကမှ အသစ်လဲထားတဲ့ နောက်ဆုံးပေါ်မို့ ရှောင်းကျန့်ကို မည်သို့ ဖြေရှင်းရမည်မှန်း ဝမ်ရိပေါ် မတွေးတတ်။ ထို့ကြောင့်ပဲ ရှေ့မှ ခပ်သွက်သွက်သွားကာ လိုချင်သည်များကိုသာ ဝမ်ရိပေါ်က ရှာဖွေနေလိုက်သည်။

*ရှင် ဘယ်လို လုပ်...ဟင်...ရှောင်းကျန့်...

ရုတ်တရက် အသံစူးစူးကြောင့် ဝမ်ရိပေါ်က နောက်လှည့်ကြည့်မိသည်။ အမျိုးသမီးတယောက်နှင့် ရှောင်းကျန့်တို့ တခုခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

*အာ...ဒေါက်တာ လွင်ရှင်း...sorry ပါ...ကျွန်တော် အတွေး လွန်သွားလို့ပါ...တောင်းပန်ပါတယ်နော်...ဘယ်နား ထိသွားသေးလဲ...

ရှောင်းကျန့်ရဲ့ တောင်းပန်သံ ခပ်တိုးတိုးကိုပါ ဝမ်ရိပေါ်က ကြားလိုက်ရသည်။

ဘာဖြစ်တာလဲ...

စူးစမ်းစိတ်နဲ့ ဆက်လက် နားစွင့်နေမိသည်။

*ရှင် ဘာကြည့်တာလဲ...ယဥ္ကျေးမှုကို မရှိဘူး....ဒီလို ပုံစံနဲ့ အရောဝင်ဖို့...လာ ကြိုးစား နေတာလား...ဒီမှာ နင့်ဘာသာ ဝန်ကြီးကို ခွဲစိတ်ရမှာမို့...ဂုဏ်ယူချင် ယူ...ငါကတော့ နင့်ကို ပြန်စိတ်ဝင်စားမယ် မထင်နဲ့...

ဟ...ဘလိုင်းကြီးကို ဆွဲတင်နေတာပဲ...

အမျိုးသမီးရဲ့ စကားကြောင့် ဝမ်ရိပေါ်က စိတ်တိုသွားရသည်။ ရှောင်းကျန့်ဆီမှ စကားသံတချို့မပီမသ ထွက်လာသည်။

*မ...မဟုတ်တာ...အဲ့လို စိတ်မျိုး ငါ့မှာ...မ...မရှိ...

ဟာကွာ...

ဝမ်ရိပေါ်က မနေနိုင်စွာ ရှောင်းကျန့် ရှိရာဆီ ပြန်လျှောက်လာခဲ့သည်။

*တော်စမ်းပါ ရှောင်းကျန့်ရယ်...နင့်ထက်သာတဲ့ ကိုကို့ကို...ငါ ရွေးခဲ့လို့ နင် မနာလိုနေတာကို သိပါတယ်...ဒါကြောင့် ဝန်ကြီးကို ခွဲစိတ်ခွင့်ရပြီး...နာမည်ကြီးဖို့ကို ကြိုးစားချင်နေတာ မလား...နင့်အဆင့်နဲ့လေ...စိတ်ချ...နင်က ကိုကို့ကို ဘယ်တော့မှ မမီဘူး...အဲ့လိုပဲ ငါကလည်း နင့်ကို ဘယ်တော့မှ လက်တွဲမှာ မဟုတ်ဘူး...သိရဲ့လား...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now