(Unicode)
*ကျွန်တော်...ကောကို ကာကွယ်မှာပါ...
*တခုခုဆိုရင်...ကျွန်တော့်ဆီကို ဖုန်းဆက်လိုက်နော်...ကျွန်တော် ကောအနားမှာ...အမြဲတမ်း ရှိနေမယ်...ဟုတ်ပြီလား...
*ကျန့်ကောကို...ကျွန်တော် ဖက်ထားလို့ရမလား...
*ကော စိတ်ထဲမှာ မလုံခြုံဘူးလို့...ခံစားနေရတယ် မဟုတ်လား...ကျွန်တော်က ကောကို လုံခြုံတယ်လို့...ခံစားရစေချင်တယ်...ကျွန်တော် ကောကို ကာကွယ်မှာမို့...ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ပြောပြပါနော်...
ကောကို အရင်လို စကားတွေ ပြောရင်း...ပျော်ရွှင်နေတဲ့ ပုံလေးပဲ...ဖြစ်နေစေချင်တယ်...သိရဲ့လား...*ကျန့်ကောက ကျွန်တော့် ကလေးလေး...ကျွန်တော့် ကလေးလေးကို...ကျွန်တော် ကာကွယ်ပေးမယ်...စိတ်ချနော်...
.
.
.
.
.
.*အားးးး...ဘာလေးလဲကွာ...
မိမိ မျက်နှာအား လက်ဖဝါးနှစ်ဘက်နဲ့ အုပ်ရင်း ရှောင်းကျန့်က ကြည်နူးရှက်နိုးစွာဖြင့် ရေရွတ်လိုက်သည်။
ဒီကောင်လေးနဲ့တော့...တကယ်မလွယ်တော့ဘူး...ရူးတော့မှာပဲ...
အာ...မနက်က ထမင်းဗူးထဲကို...ဝက်အသည်း ကြော်ထားတာလေးတောင်...ထည့်မပေးလိုက်ရဘူး...ညကျမှပဲ ကျွေးရတော့မယ်...
မင်း ဘာတွေ ဖြစ်နေတာလဲ ရှောင်းကျန့်ရယ်...တယောက်ထဲ ပြုံးလိုက် မဲ့လိုက်နဲ့ ရှောင်းကျန့်တယောက် မိမိ စားပွဲရှေ့မှာ လူတယောက်လုံး လာရပ်နေတာကိုတောင် သတိမထားမိခဲ့ဘူးတဲ့။
💉 💉💉 💉💉💉
*ဟဲ့ ရှောင်းကျန့်...ဟဲ့...ဒီမှာ...
ဒေါက်...ဒေါက်...
စားပွဲပေါ် လက်နဲ့ ခေါက်လိုက်တဲ့အသံကြောင့် ရှောင်းကျန့် လန့်သွားရသည်။
*ဟာ...ဖွ...ဖွ...မလာနဲ့...မလာနဲ့...ဘာမှ မဖြစ်နဲ့...
ရှောင်းကျန့်က စားပွဲကို ကဗျာကယာ ပွတ်လိုက်ရင်း ခေါ်သူကို မော့ကြည့်လိုက်သည်။
*လွင်...ရှင်း...
မင်း ဆရာဝန် လုပ်နေပြီး...ဒီလို စားပွဲကို မခေါက်ရဘူး ဆိုတာ...မသိဘူးလား...အလကား သက်သက် လူတွေကို ဒုက္ခဖြစ်အောင်လို့...
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfiction(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)