YFG 02 (U&Z)

4.1K 235 5
                                    

(Unicode)

*ဟေ့ ရပ်ကြည့်မနေနဲ့...မြန်မြန် ဝင်လာခဲ့...အစည်းအဝေးက စ နေပြီ...

စခန်းထဲ ဝင်လိုက်တာနဲ့ ခေါင်းဆောင်ရှောက်ရဲ့ လောဆော်သံကို ဝမ်ရိပေါ် ကြားလိုက်ရသည်။ နီးရာခုံတလုံးမှာ ဝင်ထိုင်ရင်း ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် Recoder ကိုဖွင့်ကာ စားပွဲပေါ်ကို တင်လိုက်သည်။ ဒါကတော့ စုံစမ်းစစ်ဆေးရေး အမှုလိုက်အရာရှိ ဝမ်ရိပေါ်ရဲ့ မှတ်တမ်း ယူနည်းပင်။

*ဒီနေ့ ဖြစ်အပျက်ကို အားလုံး သိပြီးလောက်ပြီ ထင်တယ်...

*ဟုတ်ကဲ့...သိပြီးပါပြီ...

*ဒါက ဒုတိယမြောက် သေဆုံးတဲ့ ဆရာဝန်ကြီးပဲ...ဝန်ကြီးကို ခွဲစိတ်ပေးမယ့် ဆရာဝန်တွေချည်း သေဆုံးနေရတာက...တိုက်ဆိုင်မှု မဟုတ်တော့ဘူး...ဒါက လုပ်ကြံမှုပဲ...ကြိုတင် ကြံစည်မှုပေါ့...

အသတ်ခံရပါတယ် ဆိုမှတော့...လုပ်ကြံမှုပေါ့...
ဘယ်သူကများ လမ်းကြုံလို့ပါဟယ် ဆိုပြီး...ဆေးရုံထဲထိ တကူးတက သွားသတ်မှာလဲ...ကြိုတင် စီစဥ္ထားရမှာပေါ့...
ဘာတွေ ပြောနေမှန်းလဲ မသိဘူး...တကယ်ပါပဲ...

ခေါင်းဆောင်ရဲ့ စကားကို နားထောင်ရင်း ဝမ်ရိပေါ်က အတွေးနယ်ချဲ့မိသည်။

*ဒီကိစ္စကို နိုင်ငံတော် အဆင့် အမှုအဖြစ် သတ်မှတ်ကြောင်းနဲ့ အမြန်ဆုံး တရားခံကို ဖမ်းမိဖို့ စာရောက်လာပြီ...အခု နာမည်ကြီး အထူးကုဆရာဝန်တွေကို...စောင့်ကြည့်ရတော့မယ်...အထူးသဖြင့် ဝန်ကြီးကို ကုသပေးမယ်လို့ ကြေငြာထားတဲ့ ဆေးရုံတွေနဲ့ ဆရာဝန်တွေကို​ေပါ့...

*မဖြစ်နိုင်ပါဘူး ခေါင်းဆောင်...တနိုင်ငံလုံးမှာ အထူးကုတွေက အများကြီးပါ...အားလုံးကို လိုက်ကြည့်ရမယ်ဆိုရင်...စခန်းတခုလုံးက လူတွေသာ ကုန်သွားမယ်...ဆရာဝန်တွေက ကုန်မှာ မဟုတ်ဘူး...ဒီတမြို့တည်း ဆိုရင်တောင် မလွယ်ကူတဲ့ အနေအထားပါ...

*ဟုတ်ပါတယ် ဆရာ...နောက်ပြီး ဒီလို နာမည်ကြီး ဆရာဝန်တွေက...သူတို့ နောက်ကို အစောင့်အရှောက် ထည့်ရင်လည်း...လက်ခံမှာ မဟုတ်ဘူး...စောင့်ကြည့်တာကိုလည်း ကြိုက်မှာ မဟုတ်ဘူး...နာမည်ကြီး တော်တော်များများက ဇယားများကြလို့ပါ...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now