(Unicode)
ကျွိ...
*ဟင်...ရိပေါ်...
ဆေးရုံ ရှေ့ကို ထွက်လိုက်တာနှင့် မိမိ ရှေ့မှာ ရပ်လာတဲ့ ကားကြောင့် ရှောင်းကျန့်က အံ့ဩကာ ကြည့်နေမိသည်။
*ကျန့်ကော...လာ...
မြန်မြန်လေး...မြန်မြန်...ကလေးတယောက်လို မြူးကြွနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ပြုံးလိုက္မိသည်။ ထို့နောက် ကားလေးထဲကို ဝင်ထိုင်လိုက်သည်။
*မင်း အိမ်ကို...မပြန်ရသေးတာလား ရိပေါ်...
*ပြန်ပါတယ်...ကော duty ပြီးချိန်ကို မှီအောင်...စောထွက်လာတာ...
ဝူးးးးး.....
ဝမ်ရိပေါ်က ကားကို မောင်းထွက်လိုက်သည်။ ရှောင်းကျန့်က လှည့်ကြည့်လေသည်။
*မင်း ကောင်းကောင်း နားရရဲ့လား...ဆေးရုံကိုရော သွားပြဖြစ်ရဲ့လား...
*နားရပါတယ် ကောရယ်...ဆေးရုံကိုလည်း သွားပြပါတယ်ဗျ...ဒီမှာပါဗျ...
ရှောင်းကျန့်ကို ဖြေရင်း ဆေးထုပ်လေးကို ဝမ်ရိပေါ်က ပြလိုက်သည်။ ရှောင်းကျန့်က ပြုံးရင်း လှမ်းယူလေသည်။
*အင်း...တော်တယ်...
*ဒါဆို...
ဝမ်ရိပေါ်က ရှောင်းကျန့်ဘက်ကို ပါးလေး ထိုးကာ ပေးသည်။ ရှောင်းကျန့်က ပြုံးပြီး လက်နဲ့ ရွယ်လိုက်လေသည်။
*ရိုက်လိုက်ရမှာလား...
*အား...ကျန့်ကောနော်...လိမ္မာတဲ့ လူကို ဆုမချဘူး...တော်ပြီ...နောက်ဆို...
*မွ...
*ကော ပြောသမျှ လိုက်လုပ်မယ်...ဟီး...
ရှောင်းကျန့်အား လှည့်ကြည့်ပြီး ဝမ်ရိပေါ်က ကျေနပ်စွာ ပြောလိုက်သည်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ် ပေးတဲ့ ဆေးထုပ်ကို ဖွင့်ကြည့်နေလေသည်။
*ဆေးအပြင်းတွေ ပေးလိုက်တာပဲ...ဒဏ်ရာက မသက်သာလို့လား ရိပေါ်...
ရှောင်းကျန့်က အလန့်တကြား မေးလိုက်သည်။ ဝမ်ရိပေါ်က ခေါင်းခါပြသည်။
*မဟုတ်ပါဘူး...ကျန့်ကော စိတ်ပူနေတာ မကြည့်ရက်လို့...ဒဏ်ရာ မြန်မြန် ပျောက်အောင်...ဆေးပြင်းပြင်း တောင်းလိုက်တာ...
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfic(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)