(Unicode)
*ကျန့်ကော...ထတော့လေ...ညစာ စားရအောင်...ကျွန်တော်တောင် ရေချိုးပြီးနေပြီ...ထတော့နော်...
Hotel ရောက်ပြီး အခန်းထဲကို ဝင်မိတာနှင့် အိပ်ရာပေါ် အပြေးတက်ကာ တချိုးတည်း အိပ်တော့တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က နှိုးလိုက်သည်။
*ဘယ်အချိန် ရှိသေးလို့လဲလို့...နားဦးမယ်လေ...ဗိုက်လည်း မဆာသေးဘူးဟာကို...အိပ်ချင်သေးတယ်လို့...
ရှောင်းကျန့်က မျက်လုံး မဖွင့်ပဲ ကလေးတယောက်လို ဂျီတိုက်သည်။ ဝမ်ရိပေါ်က အဝတ်လဲနေရာမှ ပြုံးလျက်ကြည့်နေသည်။
တကယ့် ကလေးဆိုးပဲ...
*ညစျေးက အကင်တန်းမှာ ပုဇွန်ကင်နဲ့ ဟော့ပေါ့ သွားစားမလို့နော်...အာလူးချောင်းကြော်ရောပဲ...နောက်ကျရင် မရတော့ဘူး...
*အာ...စားမယ်...စားမယ်...ကောကို ထူပါဦး...
အိပ်နေရာမှ မထပဲ လက်နှစ်ဖက်ဆန့်ကာ အော်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ပွေ့ထူလိုက်သည်။
*မွ...
စူထော်ထွက်နေတဲ့ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းပါးကို ဝမ်ရိပေါ်က ထိကပ်လိုက်သည်။ ရှောင်းကျန့်က ကျေနပ်စွာ ပြုံးရင်း ပြန်လည် ဖက်တွယ်လိုက်သည်။
*ကော ရည်းစားလေးက အရမ်းချစ်ဖို့ ကောင်းတာပဲ...ဒီလိုလေး ဖက်ထားရရင် အရမ်း နေလို့ ကောင်းတယ်...မင်းရင်ခွင်လေးက အရမ်းနွေးနေရောပဲ...သိလား...
*တော်တော့...အကြီးဖြစ်ပြီး ခင်ဗျားပဲ ချွဲနေတယ်...ထ...ရေချိုး...အပြင်သွားရအောင်...
*ဟင်...မင်းက ရေတောင် ချိုးပြီးပြီလား...ကောကိုတောင် မစောင့်ဘူးပေါ့...တော်ပြီ ရေမချိုးတော့ဘူး...ဒီအတိုင်း သွားတော့မယ်...
နှုတ်ခမ်းစူကာ အိပ်ရာမှ မကျေမနပ်နဲ့ ထထွက်သွားတဲ့ ချစ်ရသူကို ဝမ်ရိပေါ်က ပြုံးစစနဲ့ လှမ်းဆွဲလိုက်သည်။
*ဟေး...အဲ့လောက် မညစ်ပတ်နဲ့လေ...လာ...ရေချိုးဆို...
*ဘာဖြစ်လဲ...ငါ့ဘာသာ ညစ်ပတ်တာ...မကျေနပ်ရင် ငါနဲ့ လာမအိပ်နဲ့ပေါ့...သွား...
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfic(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)