YFG 33 (U&Z)

2.4K 186 3
                                    

(Unicode)

မနက် စောစောမှာပဲ ဝန်ကြီး အခြေအနေကို ဆေးရုံမှာ ဝင်ကြည့်ပြီး ရှောင်းကျန့်တို့က Putuoshan ကျွန်းမှ Hotel ဆီကို ပြန်ခဲ့ကြသည်။ အသွားတုန်းကလို မတင်မကျစိတ်နဲ့ အတွေးပေါင်းစုံတို့သည် ရှောင်းကျန့်ဆီမှာ မရှိတော့။ ထို့ကြောင့်ပဲ ပိုပြီး လွတ်လပ်ကာ ပျော်ရွှင်နေသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့် လက်ကို တင်းတင်း ဆုပ်ကိုင်ရင်း ကြည်နူးစွာ ကြည့်နေခဲ့သည်။

*ကျန့်ကော...hotel ပြန်ရောက်ရင်...ခဏနားပြီး ကမ်းခြေဘက်ကို သွားကြမလား...

*အင်း...

ကလေးတယောက်လို လွတ်လပ်စွာ ခေါင်းငြိမ့်ပြတဲ့ ချစ်ရသူကို ဝမ်ရိပေါ်က မြတ်နိုးစွာ ငေးကြည့်နေမိသည်။

💉 💉💉 💉💉💉

စာကြည့်ခန်းထဲမှာ ခန်းလျှိုတယောက် ငြိမ်သက်နေခဲ့သည်။ တအိမ်လုံးမှာ တယောက်ထဲ ရှိနေသလို ခန်းလျှိုက သီးသန့် နေတတ်ခဲ့သည်။ ဖခင်ဖြစ်သူ သေဆုံးပြီးကတည်းက မိခင်ဖြစ်သူကလည်း ခန်းလျှိုကို စကား မပြောတော့။ ကျန်မောင်နှမများကိုလည်း ခန်းလျှိုက စကား မပြောချင်။ ထို့ကြောင့်ပဲ ခန်းလျှိုက မိသားစုကို ကိုယ်တိုင်ပင် ရှောင်ဖယ် လာခဲ့သည်။ အခုလည်း စာကြည့်ခန်းထဲမှာ ခန်းလျှို တယောက်ထဲ ဆောက်တည်ရာမရ လှုပ်ရှားနေပြန်သည်။

ညက ငါတွေ့ခဲ့တာ...ရှောင်းကျန့်မှ ရှောင်းကျန့်ပါ...ဘေးမှာလည်း...ဟိုရဲဆိုတဲ့ ကောင်တောင် ပါသေးတယ်...သေချာပါတယ်...

မရေမရာ စိတ်ကို အတည်ပြုဖို့ ခန်းလျှိုက အံဆွဲထဲမှ သီးသန့်ဖုန်းကို ထုတ်ယူကာ ဆက်လိုက်သည်။

*အဲ့တော့ Hotel ထဲမှာပဲ ရှိနေသေးတယ်ပေါ့...အပြင်ကိုတောင် မထွက်ဘူးလား...

*အင်းးး...ညက ငါတွေ့မိတယ် ထင်လို့ မေးကြည့်တာ...အဲ့မှာ ဘာတွေ ထူးသေးလဲ...ဟိုကောင်ကိုရော ရှင်းပြီးပြီလား...

*သေချာရှာပြီး ရှင်းပစ်လိုက်...မြန်မြန်လုပ်...ဟိုရဲက မလွယ်ဘူး...

*ဘာလဲ...ရဟတ်ယာဥ္လား...လူနာရှိလို့လားမှ မသိတာ...အေး...နည်းနည်း စုံစမ်း ကြည့်ပေး...ငါ တွေ့ခဲ့တာတော့ သေချာတယ်...မနေ့ညကပဲ...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now