YFG 09 (U&Z)

2.7K 183 5
                                    

(Unicode)

ဆောက်လက်စ ၆ ထပ်တိုက်အဆောက်အအုံထဲသို့  T1 နှင့် T2 အဖွဲ့များက ရှေ့ဘက် တံခါးမကြီးမှ ဝင်ခဲ့ပြီး ဝမ်ရိပေါ်တို့ T 3 က အနောက်ဘက် တံခါးမှ ဝင်ခဲ့ကြသည်။

*ရီရီ...

ဝမ်ရိပေါ်က ရီရီအား လက်သင်္ကေတဖြင့် တဖက်သို့ သွားခိုင်းလိုက်သည်။ နောက်မှ အဖွဲ့ဝင်များကလည်း အုပ်စု နှစ်ခုခွဲကာ ဝမ်ရိပေါ်နဲ့ ရီရီတို့ နောက်သို့ လိုက်ပါခဲ့ကြသည်။

*ဒါ ဟိုတပါတ်က လက်ကျန်...

*အခု ယူမှာအတွက်ရော...တခါတည်း ငွေ ချေမှာလား...
အကြွေးထားလို့ မရ​ေတာ့ဘူး...အစစ်အဆေး အဖမ်းအဆီးက အရမ်း များနေတယ်...ဒါကြောင့် လက်ငင်းပဲ အဆင်ပြေမယ်...
ငွေသားအရင် ပြပါ...

*ဒီမှာ...စစ်ကြည့်လိုက်...

မူးယစ်ဆေး ရောင်းဝယ်နေကြတဲ့ အဖွဲ့ ၂ ဖွဲ့ကို ဝမ်ရိပေါ်တို့ ​ေရှ့မှာ တွေ့​ေနရသည်။ စုစုပေါင်း ၁၅ ယောက်လောက် ရှိပြီး တဖွဲ့က ငွေစစ်နေသလို တခြားအဖွဲ့ကလည်း မူးယစ်ဆေးပြားများကို စစ်ဆေးနေကြသည်။

*လက်မြောက်လိုက်...မပြေးနဲ့...ပေကျင်းရဲတပ်ဖဲွ့က မင်းတို့ကို ဖမ်းလိုက်ပြီ...ပြေးဖို့ မကြံနဲ့...

ပြေးဖို့ မကြံနဲ့ဆိုတဲ့ စကားအဆုံး ပြေးဆိုသော အော်သံနဲ့အတူ အရပ်မျက်နှာ အသီးသီးသို့ မူးယစ်ရောင်းဝယ်နေသူများက ​ပြေးထွက်သွားကြလေသည်။

ကောင်းရောဟယ်...

*ပြေးပြီဟ...ဖမ်းကြ...အဖွဲ့တွေ ပြေးလမ်းအားလုံး ပိတ်ဆို့ထား...မလွတ်စေနဲ့...ယားးး...

T 1 ၏ ခေါင်းဆောင် စစ်လျှိုက အော်ရင်း တရားခံများ နောက်သို့ ပြေးလိုက်လေတော့သည်။ ဝမ်ရိပေါ်တို့လည်း နီးရာ တရားခံများ နောက်သို့ အပြေး လိုက်ရတော့သည်။

💉 💉💉 💉💉💉

*ရပ်လိုက်...မရပ်ရင် ပစ်ရလိမ့်မယ်...

ရှေ့မှ ပြေးနေသူကို ပစ္စတိုနဲ့ ချိန်ရင်း ဝမ်ရိပေါ်က အမိန့် ပေးလိုက်သည်။ သို့သော်လည်း ထိုသူက ဆက်ပြေးနေဆဲ။

ဒိုင်း...

*မရပ်ရင်...ဒီတခါ တကယ် ပစ်တော့မှာပါ...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now