(Unicode)
Veee...Veee...
မနက်စောစော မြည်လာတဲ့ ဖုန်းသံကြောင့် ဝမ်ရိပေါ်က အလန့်တကြား ကောက်ကိုင်ပြီး ဖုန်းသံကို ပိတ်လိုက်သည်။ ရှောင်းကျန့်ခမျာ တညလုံး မိမိ နံဘေးမှာ ငုတ်တုတ်လေး ထိုင်စောင့်နေခဲ့ရတာ မဟုတ်လား။ အခု မနက် မိုးလင်းမှ အိပ်ပျော်သွားခဲ့ရတာလေ။
ဖုန်းကို ယူပြီး ခပ်လှမ်းလှမ်းဆီ ဝမ်ရိပေါ်က လျှောက်သွားလိုက်သည်။
*အင်း...ယွဲ့ဖန် ပြော...
*အဖွဲ့မှူး လိုချင်နေတဲ့...ဒေါက်တာခန်းလျှို အကြောင်း သိခဲ့ရပြီ...မထင်ထားတာတွေလည်း တွေ့ရတယ်...ဒါတောင် သူ့အိမ်မှာ...အိမ်အကူ လုပ်ဖူးတဲ့ လူဆီက သိရတာ...သူလည်း ကြောက်ပြီး အလုပ် ထွက်ခဲ့တာတဲ့...
ဝမ်ရိပေါ် အသံကြားသည်နှင့် ယွဲ့ဖန်က ဝမ်းသာအားရ ပြောတော့သည်။
*အင်း...ငါဆီကို ပို့လိုက်လေ...
*ဟုတ်ကဲ့...ဒါနဲ့ အဖွဲ့မှူးရော အဆင်ပြေရဲ့လား...
ယွဲ့ဖန်က ပူပန်စွာ မေးလိုက်သည်။ ဘာညာညာ ဖြစ်သည်ဟု ပြောလိုက်လျှင် ခေါင်းဆောင်ရှောက်မှ တဆင့် မိမိ မိခင်ဆီသို့ သတင်း ပြန်ရောက်မည်ကို စိုးသောကြောင့် ဝမ်ရိပေါ်က ဘာမျှ မပြောရန် ဆုံးဖြတ်လိုက်သည်။
*ပြေပါတယ်...သတိတော့ ထား ရတာပေါ့...သူ့ဘက်က စပြီး တိုက်ခိုက်လာနေပြီ...အဲ့ဘက်မှာရော အဆင်ပြေလား...
*ပြေပါတယ် အဖွဲ့မှူး...အဖွဲ့မှူး...ဒေါက်တာခန်းလျှိုကို မြန်မြန် ဖမ်းနိုင်မှ ဖြစ်မယ်...
*ဘာလို့လဲ...
*ဖုန်းထဲမှာ ရှင်းပြနေရင် ကြာနေမယ်...ကျွန်တော် ပို့တဲ့ အစီရင်ခံစာကိုသာ ဖတ်ကြည့်လိုက်...အဖွဲ့မှူး သေချာ နားလည်သွားလိမ့်မယ်...
*အင်း...ဒါဆိုလည်း ဖုန်းချလိုက်တော့မယ်...ငါ့ဆီကိုသာ ပို့ထားလိုက်...
*ကောင်းပါပြီ အဖွဲ့မှူး...
ယွဲ့ဖန်က တက်ကြွစွာ ပြောပြီး ဖုန်းချသွားသည်။
💉 💉💉 💉💉💉
*ဘယ်က ဖုန်းလဲ ရိပေါ်...
အသံကြောင့် ဝမ်ရိပေါ်က နောက်ကို လှည့်ကြည့်လိုက်သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Фанфик(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)