(Unicode)
*ဟေး...ဒေါက်တာရှောင်း ပြန်တော့မလို့လား...
*ဟုတ်ကဲ့...ကျွန်တော့် duty အခုပဲ ပြီးသွားလို့ ပြန်တော့မလို့ပါ ဆေးရုံအုပ်ကြီး...
ဆေးရုံအုပ်ရဲ့ နှုတ်ဆက်သံကြောင့် ရှောင်းကျန့်က လှည့်ကြည့်ရင်း ဦးညွှတ်လိုက်သည်။
*အေး အေး...ဘယ်လိုလဲ အလုပ်မှာ အဆင်ပြေရဲ့လား...
မိမိအား အရေးတယူ ပြောနေတဲ့ ဆေးရုံအုပ်ကြောင့် ရှောင်းကျန့် အံ့ဩသွားရသည်။
*ဗျာ...ဟုတ်ကဲ့ အဆင်ပြေပါတယ်...ဆေးရုံအုပ်ကြီး...
*ကြိုးစားကွာ...နောက်ဆို မင်းကိုပဲ အားကိုးရမှာ...ကြိုးစားနော် ရှောင်းကျန့်...
*ဟုတ်ကဲ့...စိတ်ချပါဗျ...
*ကဲ...ကဲ...ပြန်မှာ မှလား...သွားတော့...သွားတော့...
ဆေးရုံအုပ်ကို နှုတ်ဆက်ပြီး ရှောင်းကျန့် ထွက်လာခဲ့သည်။ အခုတလော ဆေးရုံမှာ ထူးဆန်းတာတွေ ဖြစ်နေသည်။ ဆေးရုံအုပ်ရော အထူးကုကြီးများကပါ မိမိကို အရေးတယူ ရှိနေကြသည်။ ပုံမှန် မဟုတ်သလို ခံစားရပေမယ့် ခွဲခန်းအတူတူ ဝင်ရတာမျိုး ရှိလာတာကိုတော့ ရှောင်းကျန့် ဝမ်းသာမိသည်။ ပညာရသည် မဟုတ်လား။
ခွဲခန်း ခဏခဏ ဝင်ရလည်း ရှောင်းကျန့်တို့လို သာမန်ဆရာဝန်လေးတွေအတွက် လစာရော ခံစားခွင့်ရောက ထူးပြီး တိုးမလာပါဘူး။ မိဘဆီမှ ပြန်ပြီး လက်ဖြန့် မတောင်းရတာကပင် အတော် ဟုတ်နေပြီလေ။
အခုတော့ အိမ်ရှင်ရဲ့ကောင်းမှုနဲ့ အိမ်ခန်း စပ်တူ ငှားနေမည့်သူ တယောက် မကြာခင်မှာ ရောက်လာပေတော့မည်။ နေရတာ အနည်းငယ် ကျဉ္းကျပ်သွားမည် ဆိုသော်လည်း ငွေကြေး အကုန်အကျ သက်သာသွားမည်မို့ ရှောင်းကျန့် လက်ခံခဲ့ခြင်း ဖြစ်သည်။
ကဲ...မြန်မြန် ပြန်ရအောင်...ဒီညနေကို အခန်းဖော်က ရောက်လာမှာ ဆိုတော့...သူ့အတွက်လည်း အခန်းပြင်ပေးရဦးမယ်...
💉 💉💉 💉💉💉
အိပ်ခန်း တခန်း၊ စတိုခန်းကျယ် တခန်း၊ ဧည့်ခန်းနှင့် တဆက်တည်း မီးဖိုချောင်သာ ပါဝင်သည့် အခန်းမို့ ရှောင်းကျန့် ခမျာ ကြိုးစားပမ်းစား နေရာချနေခဲ့ရသည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
أدب الهواة(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)