(Unicode)
အိမ်ပြန်ရောက်သည်နှင့် ရှောင်းကျန့်က ဝမ်ရိပေါ်ကို လှုပ်ရှားရန် ခွင့်မပြုတော့။ အိပ်ရာပေါ်မှာ ပက်လက်လေး အိပ်နေရတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ရေပတ်တိုက်ကာ သန့်ရှင်းပေးနေခဲ့သည်။
*ရိပေါ်...မင်း အခုလို လုပ်တာတော့...မကောင်းဘူးနော်...
မနက်ဖြန်ကျရင် ဆေးခန်း ပြန်ပြရင်း...ဆေးရုံကိုလည်း တောင်းပန်ရမယ်...သိရဲ့လား...ရှောင်းကျန့်က ဆူပြောလေး ပြောလိုက်သည်။ ဝမ်ရိပေါ်က မျက်လုံး ပြူးကာ ကြည့်လေသည်။
*ဟင်...ဆေးခန်းက ပြစရာ မလိုတော့ဘူးလေ ကျန့်ကောရယ်...တလစာဆေး ပေးလိုက်ပြီးသားဟာ...ဒီမှာ ဆေးထုပ်...၁၅ ရက် ငြိမ်ငြိမ်နေရမယ်...တလပြည့်အောင်အထိ အားစိုက်တာတွေ မလုပ်ရဘူး...အလေးအပင် မ မ ရဘူးတဲ့...ဆရာဝန် ပြောတာကို...ကျွန်တော် သေသေချာချာ နားထောင်လာခဲ့တယ်...ကျွန်တော် လိမ္မာတယ် မဟုတ်လား...
အားးး...နာတယ် ကျန့်ကောရဲ့...ဆေးထုပ်လေးအား မြောက်ပြနေတဲ့ ဝမ်ရိပေါ် လက်မောင်းကို ရှောင်းကျန့်က လိမ်ဆွဲလိုက်သည်။
*ဘာကို လိမ္မာတာလဲ...အခုလို ဆေးဖိုး မပေးပဲ ထွက်ပြေးလာတာက...လိမ္မာတာလား...
သေချင်လို့...
ပြီးတော့ ဈေးကြီးတာတွေလည်း မှာစားခဲ့သေးတယ်လေ...ကောင်းလား...ပြီးတော့ ငွေမရှင်းပဲ...ထွက်ပြေးလာတာလေ...ရဲဖြစ်ပြီး မရှက်ဘူးလား...စူပွစူပွနဲ့ မာန်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ပြုံးလျက် ကြည့်လေသည်။
*ဟီးးး...သူတို့က အရမ်း ကျွေးချင်နေတာကိုး ကျန့်ကောရဲ့...ကျွန်တော်ကတော့...ကျန့်ကော လက်ရာလေးပဲ စားချင်တာကို...
*အပိုတွေပါကွာ...
*တကယ် ပြောတာပါဆို...
နောက်ပြီး...ကျန့်ေကာကလေ...ငတုံးလေး...သိလား...အဲ့ဒါကြောင့် သူများ အနိုင်ကျင့်တာကို...အမြဲ ခံရတာ...*ဘာမှ မဆိုင်တာကို မပြောနဲ့...ငါ့ဘာသာ ဘယ်လောက် တုံးတုံး...မင်းလိုတော့ ပိုက်ဆံမရှင်းဘဲ...ထွက်မပြေးဘူး...
*အာ...
ရှောင်းကျန့်က မျက်စောင်းထိုးပြီး ပြောလိုက်သည်။ ဝမ်ရိပေါ်ကတော့ ရယ်ကျဲကျဲနဲ့ ကြည့်နေခဲ့သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfic(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)