(Unicode)
လွင်ရှင်းနဲ့အတူ စမ်းသပ်ခန်းထဲ ဝင်သွားတဲ့ လွေလျောင်ချင်း ထွက်အလာကို ရီရီက စိတ်စောစွာ စောင့်နေခဲ့သည်။ သူမနဲ့ အတူ သွားဖို့ကို လွေလျောင်ချင်းက ငြင်းဆိုပြီး မထင်မှတ်စရာ အနေအထားနဲ့ ဆေးရုံကို ရောက်လာခဲ့သည်။
စမ်းသပ်ခန်းထဲက အခြေအနေကို ရီရီ မမြင်ရပေမယ့် ထွက်လာတဲ့ လွေလျောင်ချင်း ပုံစံကြောင့် အခြေအနေကောင်းတခု မဟုတ်ကြောင်းကိုတော့ ကောင်းကောင်း သိလိုက်ရသည်။ ထို့ကြောင့် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ လွေလျောင်းချင်းထံ ဖုန်းခေါ်လိုက်သည်။
*ဟယ်လို အန်တီလွေ...ရီရီပါ...
အဆင်ပြေခဲ့ရဲ့လား...ရီရီက သိချင်ရာကို တမ်းမေးလိုက်သည်။
*အင်း...အဆင်ပြေပါတယ် ရီရီ...ရီရီ့ကြောင့် ဆရာဝန်မ ချောချောလေးနဲ့လည်း...ထင်သာမြင်သာ စကားပြောခွင့် ခဲ့ရပါတယ်...ကျေးဇူးပါ ရီရီ...
လွေလျောင်ချင်းအသံက အလွန်ကို အေးချမ်းနေသဖြင့် ရီရီ့စိတ်ထဲ ထူးဆန်းနေမိသည်။
*အန်...အန်တီလွေရော...သဘောကျရဲ့လား ဟင်...
မဝံ့ရဲပေမယ့် ရီရီက သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။
*သား သဘောပေါ့ ရီရီရယ်...သူနဲ့ ပေါင်းရမှာလေ...လှလှပပလေး ရတာပဲပေါ့...
ဒါပဲနော် ရီရီ...အန်တီ လုပ်စရာလေး ရှိသေးလို့...လွေလျောင်ချင်း အသံမှာ စိတ်ပျက်ခြင်း လက်လျော့လိုက်ခြင်းမျိုး မပါပဲ ပကတိ လေသံအေးအေးကို ရီရီ ခံစားလိုက်ရသည်။
*ဟုတ်ကဲ့...
ဘာလဲ...အဲ့မိတ်ကပ် တပိဿာမကို...သဘောကျသွားတာလား...အားးး...
မျှော်လင့်ထားသလို မဟုတ်တဲ့ အနေအထားမှာ ရီရီ မခံနိုင်စွာ ခေါင်းကို ခါရမ်းပစ်လိုက်သည်။
*နေမကောင်းဘူးလား ကောင်မလေး...
အနားကပ်အသံကြောင့် ရီရီ မော့ကြည့်လိုက်သည်။
မိတ်ကပ် တပိဿာမ...
*တို့ ကြည့်နေတာ ကြာပြီ...တခုခု ဖြစ်နေတာလားလို့...ဘာလဲ လက်က နာနေသေးလို့လား...တို့ ဆရာဝန်နဲ့ ပြောပေး...
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfiction(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)