YFG 11 (U&Z)

3.1K 199 4
                                    

(Unicode)

အိမ်ပြန်ရောက်သည့် အချိန်မှာတော့ အိပ်​ပျော်နေတဲ့ ရှောင်းကျန့်ကို ကျောပိုးကာ အိမ်ခန်းဆီသို့ ဝမ်ရိပေါ်က ဓာတ်လှေကားနဲ့ တက်ခဲ့သည်။ အိပ်ရာပေါ်မှာ နေရာချပေးပြီးသည့် အချိန်အထိ ရှောင်းကျန့်က မနိုးသေး။

*ခင်ဗျားက မူးနေရင် တကယ့်အဆိုးလေးပဲ...ဒါပေမယ့် အရမ်းလည်း ချစ်ဖို့ ကောင်းတယ်...သိလား ကျန့်ကော...

ရှောင်းကျန့် နံဘေးမှာ လဲလျှောင်းရင်း ဆံနွယ်များကို ဝမ်ရိပေါ်က ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။

*အင်းးးး...

အ​ညောင်းဆန့်က တွန့်လိမ်လိုက်တဲ့ ရှောင်းကျန့်က အဆုံးသတ်မှာတော့ ဝမ်ရိပေါ်ကို ဖက်ပြီး ခွထားလိုက်သည်။ ဝမ်ရိပေါ်က ကျေနပ်စွာ ပြုံးလိုက်သည်။

ဒီလောက် ချစ်စရာကောင်းတဲ့လူကို ထားခဲ့တဲ့ ဟိုမိန်းမ.....

💉 💉💉 💉💉💉

*အိုး...ဝမ်ရိပေါ်...ရှင့်ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့...ထင်မထားဘူး...ဘာများ ဖြစ်လို့လဲ...အကူအညီလိုရင် ပြောပါ...
လာ...ကျွန်မ အခန်းမှာ စကားသွားပြောရအောင်...

ရီရီ့ကို ဆရာဝန်က ခေါ်ဆောင်သွားစဥ္ မိမိ အနားကို ရောက်လာတဲ့ အမျိုးသမီး.....

ရုတ်တရက်ကြီး အနားရောက်လာကာ မိမိအနီးမှာ ထိုင်လိုက်တဲ့ အမျိုးသမီးကြောင့် ဝမ်ရိပေါ် အာရုံထဲမှာ ရှုပ်ထွေးကာ ငေးကြည့်မိသည်။

*အာ...တို့နာမည်က လွင်ရှင်း...ဟိုတခါ mart မှာ တွေ့ဘူးတယ်လေ...မမှတ်မိဘူးလား...အဟင်း...အထင်လွဲစရာ နည်းနည်း ဖြစ်သွားလို့...တောင်းပန်ချင်နေတာ...အတော်ပဲ ဖြစ်သွားတယ်...

ဟိုအမျိုးသမီး...
ကျန့်ကောကို ​ရန်ထောင်သွားတဲ့ အမျိုးသမီး...
အလကားနေရင်း ကိုယ့်ဘာသာ မာန်တက်နေတဲ့ မိန်းမ...
နောက်ပြီး ကျန့်ကောရဲ့... Ex ...

ဝမ်ရိပေါ် မှတ်ဉာဏ်ထဲမှာ အစဉ္အလိုက် ပေါ်လာတဲ့ မှတ်သားထားမှုများ.....

*တို့ကို မမှတ်မိဘူးလား...

လွင်ရှင်းရဲ့ အမေးကို ဝမ်ရိပေါ်က ခေါင်းငြိမ့်ပြလိုက်သည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now