(Unicode)
Restaurant VIP Room.....
ဝန်ကြီး၏ မွေးစားညီက သူ့ရှေ့မှာ ထိုင်နေတဲ့ ရှောင်းကျန့်တို့ နှစ်ယောက်ကို စေ့စေ့ ကြည့်နေလေသည်။
*ဒါဆို အဖွဲ့မှူးဝမ်...ပြောချင်တာက...
*ကျွန်တော်က နှစ်ဦးနှစ်ဘက်...ဘေးကင်း လုံခြုံရေးကို...ဖြစ်စေချင်တာပါ...
ဝမ်ရိပေါ်က ကြားဖြတ်ကာ ပြောလိုက်သည်။ ဝန်ကြီး၏ မွေးစားညီက ရှောင်းကျန့်ကို လှမ်းကြည့်လေသည်။
*ဒေါက်တာ ရှောင်းကရော...ဘယ်လို ထင်သလဲ...
*ကျွန်တော့် အထင်ကလား...
ရှောင်းကျန့်က ဝမ်ရိပေါ်ကို လှည့်ကြည့်လိုက်သည်။
*ကျွန်တော်ကတော့...အဖွဲ့မှူးဝမ် သဘောအတိုင်းပဲ...လုပ်ချင်ပါတယ်...
ဝန်ကြီး၏ မွေးစားညီက ခေါင်းငြိမ့်လိုက်သည်။
*အင်း...ဒါဆို အစ်ကို့ကို မေးကြည့်လိုက်ဦးမယ်...အန်ကယ်လ်က အစ်ကို့ဘက်ကို ရအောင် ပြောပေးပါမယ်...
*စိတ်ချပါ...ကျန်တဲ့ လိုအပ်ချက်တွေကို...ကျွန်တော်က ဒေါက်တာရှောင်းနဲ့ တိုင်ပင်ပြီး...စီစဥ္ထားပေးပါမယ်...ဝန်ကြီးဘက်က သေချာရင်သာ...ကျွန်တော်တို့ကို ပြောပေးပါ...
ဝမ်ရိပေါ်က ရှောင်းကျန့်၏ လက်ကို မသိမသာ လှမ်းယူ ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်သည်။
*ဒါဆို အန်ကယ်လ် သွားတော့မယ်...အခုလို လာေရာက်ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာရှောင်း...ပြီးတော့ အဖွဲ့မှူး ဝမ်ရောပဲ...အကြံဉာဏ်ကောင်းတွေ ဆွေးနွေးခွင့်ရလို့...ကျေးဇူးတင်ပါတယ်...
ဝန်ကြီး၏ မွေးစားညီက နေရာမှ ထကာ ပြောလိုက်သည်။ ရှောင်းကျန့်တို့လည်း ကဗျာကယာ ထရပ်ပြီး ဦးညွှတ်လိုက်ကြသည်။
*ဟုတ်ကဲ့...ကျွန်တော်တို့ကလည်း...ကျေးဇူးတင်ပါတယ် အန်ကယ်လ်...
ဝန်ကြီး၏ မွေးစားညီက အခန်းထဲမှ ထွက်သွားသည်နှင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကို လှမ်းဖက်လိုက်သည်။
*ဘာလုပ်တာလဲ...သူများတွေ မြင်ကုန်ဦးမယ်...
ရှောင်းကျန့်က ရုန်းရင်း ပြောလိုက်သည်။ ဝမ်ရိပေါ်ကတော့ ဂရုမစိုက်စွာ ဖက်တွယ် ထားခဲ့သည်။
YOU ARE READING
Your First Glance (အကြည့်တချက်) (U&Z) - Completed
Fanfic(Unicode) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်) (Zawgyi) အသက်ငယ်သလောက် စိတ်ကလည်း ကြီးလိုက်တာ (ရှောင်းကျန့်) ဒီလို ဗရုတ်သုတ်ခ ဆရာဝန်မျိုး မတွေ့ဖူးဘူး (ဝမ်ရိပေါ်)