YFG 12 (U&Z)

2.7K 180 5
                                    

(Unicode)

*ရော့...

*ဘာလဲ စီနီယာ...

အလုပ်စားပွဲမှာ ထိုင်လိုက်တာနဲ့ လာတင်တဲ့ တစိပ်စာ ကိတ်မုန့်ဗူးလေးကြောင့် ရီရီက ဝမ်ရိပေါ်ကို အံ့ဩတကြီး မေးလိုက်သည်။

*ကိတ်မုန့်လေ...ငါ့မွေးနေ့အတွက်...

*ဒါက ရီရီ့အတွက်ပေါ့...ကျေးဇူးပါ စီနီယာ...

ရီရီ တယောက် ကိတ်မုန့်ဗူးလေးကို ကောက်ယူကြည့်ပြီး သဘောကျ နေတော့သည်။

စီနီယာက ငါ့တယောက်တည်းကို...သီးသန့် လာပေးတာပဲ...ဟိ...
ဂရုမစိုက်သလိုနဲ့...လူဆိုးကြီး...ဟင်း..

အတွေးတွေက ရီရီကို ပျော်ရွှင်စေတော့သည်။

*အဖွဲ့မှူး ဝမ်...ခေါင်းဆောင်ရှောက်က တွေ့ချင်လို့တဲ့...အစည်းအဝေးခန်းမှာ စောင့်နေပါတယ်...အခု လာခဲ့ပါတဲ့...

*ဪ...အေး...အေး...

သတင်းလာပို့တဲ့ ယွဲ့ဖန်ကို ခေါင်းငြိမ့်ပြပြီး ဝမ်ရိပေါ်က ထွက်သွားလေသည်။ ယွဲ့ဖန်က ရီရီ့ကို ကြည့်လိုက်သည်။

*ဘာဖြစ်နေတာလဲ...ကိတ်မုန့် မမြင်ဖူးဘူးလား...

*ဒါက ငါ့ကို...စီနီယာက ပေးတာဟဲ့...

ရီရီက ရန်ပြန်ထောင်လိုက်သည်။ ယွဲ့ဖန်က ခေါင်းခါလေသည်။

*နင်ကတော့ တကယ် ရူးနေတာပဲ...ဒါကြောင့် စီနီယာက ပြောတာ...မင်းဘာသာ ဒီကိတ်မုန့်ကို ပေးလိုက်ပါလားတဲ့...ငါကလည်း တခြားသူတွေကို လိုက်ဝေနေရင်...နင် မစားလိုက်ရမှာ စိုးလို့...စီနီယာ့ကို ပေးခိုင်းထားလိုက်တာ...

*ဟင်...ဒါဆို စခန်းတခုလုံးကို ကျွေးတာလား...

ယွဲ့ဖန် စကားကြောင့် ရီရီက အလန့်တကြား မေးလိုက်သည်။ ယွဲ့ဖန်က ခေါင်းငြိမ့်ပြလေသည်။

*အေးလေ...စီနီယာ့မွေးနေ့မို့ စခန်းတခုလုံးကို ကျွေးတာ...
နင် သိလား...ဒီကိတ်မုန့်က စီနီယာ့ ဘလာဘလာလေးက လိုက်ဝယ်ပေးလိုက်တာတဲ့...

ယွဲ့ဖန်က ပါးစပ်ကို လက်လေးနဲ့ ကွယ်ပြီး ခပ်တိုးတိုး ပြောပြသည်။

*ဘာ...

ရီရီ့ မျက်လုံးလေးများ ဝိုင်းသွားရသည်။

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now