YFG 10 (U&Z)

2.9K 188 5
                                    

(Unicode)

လူနာကုတင်​ေပါ်မှာ လှဲနေရပေမယ့် ရီရီ့မျက်လုံးက အခန်းတံခါးဆီ မကြာခဏ ရောက်နေခဲ့သည်။ မိမိအိမ်ကိုလည်း မနက်ဖြန် ပြန်လာမှာမို့ စိတ်မပူရန် ပြောထားပြီး ဖြစ်သဖြင့် မည်သူမျှ မလာခဲ့။

*ဟင်းးးး...ဒါဆို အဲ့တယောက်က...စီနီယာရဲ့ ရည်းစားလား...

ရီရီက တွေးရင်း စိတ်ဓာတ်ကျသွားမိသည်။

သူမ ယှဉ္ပြိုင်ရမှာ ဆရာဝန်တယောက်.....
နောက်ပြီး သူမထက် ပိုပြီး အနီးမှာ ရှိခွင့်ရနေတဲ့သူ.....
နောက်ပြီး ပိုပြီး ရင်းနှီးတဲ့ နေထိုင်မှုမျိုး.....

*ဟားးးးး...အားတင်းထား ရီရီ...ဒီထက်ခက်ခဲတဲ့ ရဲသင်တန်းမှာတောင်...နှစ်တိုင်း နင် ပထမ ရခဲ့သေးတာပဲ...နောက်ပြီး နင်လည်း လှတဲ့သူပဲလေ...ပြင်ပြင်ဆင်ဆင် နေသင့်တာပေါ့...အနားမှာ ရှိနေတဲ့ အလှတရားကို...စီနီယာ မြင်အောင် ပြရမယ်...ဟုတ်တယ်...

ကိုယ့်ကိုကိုယ် အားပေးရင်း ရီရီ့အတွေးက ဆေးရုံကို ရောက်ခဲ့တဲ့ အချိန်ကို ပြန်တွေးမိသည်။

💉 💉💉 💉💉💉

မိမိ ရင်ဆိုင်ရတဲ့ တရားခံက ဓားကိုင်ကာ တိုက်ခိုက်လာသဖြင့် ရီရီ စိတ်ရှုပ်သွားရသည်။ ဓားကို ကျင်လည်စွာ ပုတ်ထုတ်ပြီး တရားခံအား ချုပ်နှောင်လိုက်သည်။ သို့သော်လည်း ခေါင်းထဲသို့ အတွေးတခုက ဝင်ရောက်လာခဲ့သည်။

စီနီယာ...ငါ့ကို ဂရုစိုက်လာအောင်...လုပ်ရမယ်...

အတွေးနဲ့အတူ ရီရီက တရားခံရဲ့ဓားကို ယူကာ မိမိလက်ကို ဆွဲခြစ်လိုက်သည်။

အား...နာလိုက်တာ...

စီးကျလာတဲ့ သွေးတွေကို ကြည့်ရင်း ရီရီက တရားခံကို လှမ်းကြည့်လိုက်သည်။

တောင်းပန်ပါတယ်...ကျွန်မကြောင့် ရှင် အမှု ပိုကြီးသွားရပြီ...

မိမိ အနားကို စီနီယာ ရောက်လာတဲ့ အချိန်မှာတော့ ဒဏ်ရာကြောင့် မူးဝေနေပုံဖြင့် ရီရီက ထိုင်နေခဲ့သည်။

*အဖွဲ့မှူး...ရီရီက မူးနေတယ် ပြောတယ်...ဒဏ်ရာကလည်း သွေးတော်တော် ထွက်နေတယ်...

Your First Glance (အကြည့်တချက်) (U&Z) - CompletedWhere stories live. Discover now