*1*

6.5K 327 21
                                    

(Unicode)

ရှေးဖြစ်ဟောကိန်း တစ်ခုရှိခဲ့တယ်။

"ရက်စက်တတ်သောရှင်ဘုရင်တစ်ပါးဟာ အလွန်လှပပြီး ကျက်သရေရှိသော မင်းသမီးတစ်ပါးကို ပိုင်ဆိုင်ပြီး နောက်ပိုင်း သူဟာ ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ်......"

ထိုဟောကိန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ကျော်ကနေတည်ရှိနေခဲ့ပြီး ခုချိန်ထိကို ဖြစ်မလာခဲ့သေး။

လူတစ်ချို့သည် ဟောကိန်းက အလကားလို့ သတ်မှတ်ထားပြီး တစ်ချို့ကတော့ ရှေးဖြစ်ဟောကိန်း အမှန်ဖြစ်လာတော့မည်ဆိုပြီး ယခုထိတိုင် ယုံကြည်နေကြသေးသည်။

အကြောင်းကား ရက်စက်တတ်သော မင်းတစ်ပါး ပေါ်ထွန်းနေသည့်သတင်းက နိုင်ငံအားလုံးနီးပါး ပျံ့နံ့နေသည့်အတွက်ကြောင့်ပင်။ဘယ်နိုင်ငံရယ်လို့တော့ မသိကြသေးပေ။

ဒါပေမယ့်လို့ နိုင်ငံတော်တော်များများကတော့ ကိုယ့်နိုင်ငံတစ်ပါးသူလက်အောက်မကျရောက်ရေးအတွက် အကာအကွယ်များကြိုတင်ပြင်ဆင်ထားကြသည်။တပ်သားများကိုလည်း လိုအပ်တာထက်ပို၍ပင် ခေါ်ယူထားကြသေးသည်။

ထိုနိုင်ငံများထဲမှာမှ ဘာအကာအကွယ်မှ ကြိုပြင်ဆင်ထားခြင်းမရှိသလို လိုအပ်သလောက်သာ တပ်သားခေါ်ယူတဲ့ နိုင်ငံတစ်နိုင်ငံရှိသည် ။ထိုနိုင်ငံကတော့ ဂျွန်နိုင်ငံပင် ဖြစ်သည်။

လက်ရှိ ဂျွန်ဘုရင်သည် ငယ်ရွယ်သေးပေမယ့်လို့ လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသူတစ်ဦးပင်။စစ်နည်းဗျူဟာမှာလည်း လွန်စွာထတ်မြတ်သော သူတစ်ဦးဆိုလည်းမမှားပေ။

ထို့အပြင် ပြည်သူများ၏ ယုံကြည်မှုကို အပြည့်အဝရထားသော ဘုရင်တစ်ပါးလည်းဖြစ်သည်။ပြည်သူတွေကို အုပ်ချုပ်သည့်နေရာတွင်လည်း မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သည့်အတွက် ဂျွန်ဘုရင်လျှောက်လမ်းလာပြီဆို ဦးညွတ်ခြင်းမရှိသည့်သူဆိုတာ လုံးဝမရှိ။

ဂျွန်ဘုရင်သည် ရက်စက်တယ်။ပြတ်သားတယ်။ဆုပေးဒဏ်ပေးစနစ်ကို လွန်စွာသဘောကျတယ်။သဘောမတွေ့ရင် ကြီးသည်ငယ်သည် မစဉ်းစားပဲ ပြင်းထန်စွာပြစ်ဒဏ်ပေးတတ်တယ်။တူမတူသည့်နည်းလမ်းတွေ့နဲ့ပေါ့။ဒါကြောင့်လည်း ဂျွန်ဘုရင်ဟာ ရက်စက်တတ်တယ်ဆိုတဲ့စကားက ထွက်လာခဲ့ခြင်းဖြစ်သည်။

Emperor's empress.Where stories live. Discover now