*17*

2.8K 223 20
                                    

(Unicode)

ကင်မင်းသမီး အိပ်ဆောင်နားတွင် အရိပ်အမည်းကြီးများ ပတ်ချာလည်ဝိုင်းကာ စိုးမိုးလျက်ရှိသည်။

သန်းခေါင်ယံအချိန်ရောက်လေ အရိပ်အမည်းကြီးများ ပိုမိုများပြားလာလေပင်။

ထိုချိန် မိန်းမပျိုသမီးသည် ကင်မင်းသမီးအဆောင်နားသို့ လူမသိသူမသိ ချဉ်းကပ်လာသည် ။ထိုပတ်ချာလည်ဝိုင်းနေသော အရိပ်အမည်းကြီးများကို ပြုံးကာကြည့်ပြီးနောက် ဂါထာမန္တန်တစ်ချို့ရွတ်ဆိုလ်ုက်သည်။

ထ်ုရွတ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ထိုအရိပ်အမည်းကြီးများသည် အိပ်ဆောင်ရဲ့တံခါးအောက်ခြေကနေ အလုံးလိုက်အရင်းလိုက် ဝင်ရောက်လာသည်။

ထို့နောက် ထိုအရိပ်အမည်းကြီးများမှာ တဖြေးဖြေးနှင့် ကင်မင်းသမီး၏ နားနှင့်နှာခေါင်းပေါက်အတွင်းသို့ ဝင်ရောက်သွားသည်။ကင်မင်းသမီး၏ မျက်ဝန်းများသည် တစ်ခနမျှ ပွင့်လာပြီးနောက် ချက်ခြင်းပင် ပြန်ပိတ်သွားသည်။

ကင်မင်းသမီး၏ နားနေဆောင်နားတွင်ရှိသော မိန်းမပျိုသည်လည်း အပြုံးတစ်ခုဆင်မြန်းကာ ထွက်ခွာသွားလေသည်။သူစီမံထားသော အစီစဉ်သည် မနက်စတင်ကာနှင့် သက်ဝင်လှုပ်ရှားပါတော့မည်။

"အဟွတ် အဟွတ်......"

ထယ်ယောင်းနိုးလာကတည်းက အဆက်မပြတ်ကို ချောင်းဆိုးနေတာ ။ချောင်းဆိုးလွန်းလို့ ဗိုက်ကျောများပင် နာနေပြီ။

"မင်းသမီးလေး သမားတော် ပင့်လိုက်ရမလား......"

"နေပါစေ အဟွတ် အဟွတ်......"

"မင်းသမီးနိုးလာကတည်းက ဆိုးနေတာလေ ။ကျွန်တော်မျိုးမ သွားပင့်လိုက်ပါ့မယ်....."

"အဟွတ် အဟွတ်......"

ဆက်ပြောချိန်တောင်မရလိုက် ချောင်းက အဆက်မပြတ်ကိုဆိုး‌လာတာ။အွန်းနီကိုလည်း တားချိန်မရလိုက်။အလုပ်ရှုပ်‌နေသော အရှင်သာ သိသွားရင် သူ့အတွက် စိုးရိမ်ပူပန်နေရအုံးမည်။အလုပ်ရှုပ်နေသော အရှင့်ကို သူ့အတွက် ဝန်မပိစေချင်ပါ။

"အွန်းနီ ရေကြီးသုတ်ပြာနဲ့ ဘယ်သွားမလို့လဲ......"

"ဦးလေးဝမ်ပဲ ။မင်းသမီးလေးလေ နိုးလာကတည်းက ချောင်း အဆက်မပြတ်ဆိုးနေတာ အဲ့တာ သမားတော် သွားပင်မလို့။သွားလိုက်ပါအုံးမယ်နော်......"

Emperor's empress.Where stories live. Discover now