*18*

2.7K 210 24
                                    

(Unicode)

"မင်းသမီးက နေမကောင်းဘူး ကြားတယ်။ပြိုင်လို့ အဆင်ပြေရဲ့လား....."

"အဆင်ပြေပါတယ် မယ်တော်ကြီး......."

အဆင်ပြေတယ်သာ ပြောတာ ။ကင်မင်းသမီးရဲ့ ပုံစံကဖြူဖျော့ဖျော့။လက်တင်မက နှုတ်ခမ်းမှာလည်း အရေကြည်ဖုတွေ။ကြည့်ရတာ နေမကောင်းတော်တော် ဖြစ်နေပုံပင်။ထို့ကြောင့် ဒီနေ့ယှဉ်ပြိုင်ပွဲကို ရပ်လိုက်ဖို့ သူမဆုံးဖြတ်လိုက်သည်။

"ကင်မင်းသမီး နေကောင်းလာမှပဲ ဆက်ယှဉ်ပြိုင်ကြတာပေါ့......"

"ကျေးဇူးကြီးမြတ်လှကြောင်းပါ မယ်တော်ကြီး....."

"ကျေးဇူးကြီးမြတ်လှကြောင်းပါ မယ်တော်ကြီး......"

ထယ်ယောင်းကော နာအွန်းကော မယ်တော်ကြီးကို နှုတ်ဆက်ကာ အဆောင်မှ ထွက်လာခဲ့ကြသည်။

"မင်းသမီးလေး နေမကောင်းတာ သက်သာရဲ့လား......"

"သက်သာပါတယ် နာအွန်း......"

"မင်းသမီးလေး နေမကောင်းတာကြားတော့ နာအွန်းလာသေးတယ် ။မင်းသမီးအဆောင်မှာ လူရှုပ်နေတာနဲ့ နာအွန်းပြန်လာခဲ့လိုက်တာ။အေးဆေးတော့မှပဲ ပြန်လာမလို့လေ......"

"ကျေးဇူးပါ ။အခုတော့ အများကြီးသက်သာနေပါပြီ......"

"မင်းသမီး ဘာဖြစ်တာလဲဟင် လက်က......"

"အပူလောင်တာပါ နာအွန်း......"

"နှုတ်ခမ်းကကော ဘာဖြစ်တာလဲ မင်းသမီးလေး......"

"ဘာကောင်ထိမိသွားလဲ မသိဘူး။နိုးလာတော့ ခုလိုဖြစ်လာတာ...."

"ဪ....."

နာအွန်းယုံသည်ရှိ မယုံသည်ရှိ ပါးစပ်ထဲရှိရာ ပြောလိုက်သည်။ခုချိန်မှာ ဘယ်သူ့ကိုမှ ယုံကြည့်လို့မရတဲ့အနေအထား။

"မင်းသမီးနေပြန်ကောင်းပါစေလို့ နာအွန်းစိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်နော်။မင်းသမီးလေးနေမကောင်းတော့ အရှင်မင်းကြီးရဲ့ မျက်နှာက မလန်းဘူး......."

မျက်နှာငယ်ဖြင့် ပြောလာသော နာအွန်း။ နာအွန်းက အရှင်မင်းကြီးကို တကယ်ချစ်နေတာပဲ။ သူသာ ဒီနန်းတော်မှာ ရှိမနေရင် နာအွန်းက သေချာပေါက် မိဖုရားဖြစ်ပြီး ဧကရီနေရာဆက်ခံသူ ဖြစ်မှာ။

Emperor's empress.Where stories live. Discover now