(Unicode)
ကင်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသမီးလေးသည် အခုတလော အမြဲတမ်းလိုလို ရှက်သွေးဖြာနေတယ်ဆိုသော စကားက ကင်နန်းတော်ရှိ နန်းတွင်းသူနန်းတွင်းသားတွေကြား ပျံ့နှံ့လျက်ရှိသည်။
အခုလည်းကြည့်လေ ကင်မင်းသမီးဟာ ပန်းခက်လေးထိုးနေရင်းကနေ ရပ်တန့်ပြီး တစ်ခုခုကိုတွေးတောကာ မျက်နှာလေးခပ်ရဲရဲဖြစ်နေပြန်လေပြီ။
သူတို့မင်းသမီးကင် အချစ်တွေ့နေပြီ။ဘယ်အိမ်တော်က သခင်လေးဖြစ်မလဲဆိုတာကိုလည်း နန်းတွင်းတစ်ခုလုံး ခန့်မှန်းခြေဖြင့် ပြောဆိုနေကြသည်။နန်းတွင်းတစ်ဝက်နီးပါးက စစ်သူကြီးဂျောင်ဟိုဆော့ဆိုပြီး ထင်ကြေးပေးထားကြသည်။
အကြောင်းကား စစ်သူကြီးဟိုဆော့ဟာ မင်းသမီးလေးကို ပြုံးပြီးငေးကြည့်နေသောကြောင့်ပင်။တစ်ချို့ကလည်း စစ်သူကြီးမဖြစ်နိုင်ဖူးလို့ ငြင်းကြသည်။အကြောင်းကား မင်းသမီးဟာ စစ်သူကြီးဟိုဆော့ကို အကိုလိုသာ သဘောထားခြင်းအတွက်ကြောင့်ပင်။
ဘယ်သူတွေဘယ်လောက်ပဲ ငြင်းခုန်နေပါစေ အိမ်ရှေ့စံမင်းသမီးလေးကတော့ သူ့အတွေးနဲ့သူပြုံးပြီး ရှက်တွေးဖျာလို့ကိုမဆုံး။ဘေးနားမှာရှိသော အထိန်းတော်အွန်းနီမှာလည်း မေးရနိုးနိုး မမေးရနိုးနိုး တွေဝေနေစဉ်မှာပင် နောက်ဆုံးတော့လည်း မေးဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
အရဲစွန့်ကာပေါ့။မင်းသမီးက လွန်စွာသဘောကောင်းပေမယ့်လို့ စည်းဆိုတာက ရှိသေးသည်မလား။
"ဟို မင်းသမီးလေး........"
အွန်းနီခေါ်တော့ သူမကို မော့ကြည့်လာသော မင်းသမီးလေး။
"ဘာတွေတွေးပြီး ရှက်ပြုံး ပြုံးနေရတာပါလဲ......"
"အရမ်းသိတာနေတာလား......"
ကိုယ့်ပါးပြင်ကိုယ်ကိုင်ရင်း မေးလာသော မင်းသမီးလေးကို အွန်းနီခေါင်းသာ ငြိမ့်ပြလိုက်သည်။
"ဒါက လျို့ဝှက်ချက်......."
မင်းသမီးလေးကိုယ်တိုင်က လျို့ဝှက်ချက်လို့ ပြောနေမှတော့ အွန်းနီလည်း ဆက်မမေးဖြစ်တော့။သေချာပေါက်ကို မင်းသမီးလေးက အချစ်နဲ့တွေ့နေပါပြီ။မင်းသမီးလေးရင်ဖွင့်လာမည့်အချိန်ကိုပဲ စိတ်ရှည်စွာ စောင့်နေရုံသာ ရှိတော့သည်။
