(Unicode)
ဂျွန်ဂျောင်ဂုကောင်းမှု အကြောင်းပြု၍ ထယ်ယောင်းသည် သမီးလေးတစ်ယောက် ဖွားမြင်ခဲ့ရပြန်သည် ။ ခုဆို သားကြီးထယ်ကွန်းသည် အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး သားလေး ဂျွန်ထယ်ဂုသည် အသက်ဆယ်နှစ်သို့ ရောက်ရှိလို့လာပြီ။ သမီးလေးကတော့ အသက်၄နှစ်ရှိခဲ့ပြီ ။
သားလေး တဖြေးဖြေး အသက်ကြီးလာသည်နှင့်အမျှ သားကြီးထယ်ကွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ပိုပို သိလာရသည် ။ ထယ်ကွန်း ဘာပြောပြော သားလေးသည် အအိန့်တစ်ခုလို နာခံတတ်သည်မို့ ထယ်ကွန်းနှင့်သားလေးဂျွန်ထယ်ဂုကို လုံးဝခွဲ၍မရတော့ပေ။
သားကြီးထယ်ကွန်းကို ဂျွန်ထယ်ဂုသည် မျက်စိအောက်ကနေ တစ်ဖဝါးမှ အပျောက်မခံပေ။အခုလည်းကကည့်လေ ဘာပြသနာဖြစ်လည်း မသိ ။ ထယ်ကွန်းသွားလေရာ တစ်ကောက်ကောက်လိုက်ချော့နေတာ ။ ကလေးနှစ်ယောက်ကြားဝင်မပါချင်တာမို့ မောင်နှင့်သူ သမီးလေးကိုသာ မြူနေလိုက်တော့သည် ။
ထိုစဉ်အနားသို့ အကိုဆော့ဂီတို့အတွဲရောက်လာတော့ သမီးလေးကို လက်လွှဲပေးလိုက်ရတော့သည် ။ သမီးလေးကတော့ သူ့ဦးလေးတို့အတွဲလက်ထဲရောက်ရော တစ်ခစ်ခစ်နဲ့ကို ရယ်တော့တာပင်။
"ထယ်ကွန်းလေးက ခုထိ စိတ်ဆိုးမပြေသေးဘူးလား ........"
"ကလေးနှစ်ယောက် ဘာဖြစ်ကြလဲဆိုတာ သိလား......"
ထယ်ယောင်းအမေးကို အကိုဟိုဆော့သည် ခေါင်းငြိမ့်ပြလာသည်။
"ထယ်ကွန်း သူငယ်ချင်းမလေးက ထယ်ကွန်းနားအရမ်းကပ်တာ သိတယ်မလား......"
အကိုဟိုဆော့အပြောကို ထယ်ယောင်း ခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့တာကို ထယ်ဂုက နောက်တစ်ခါကျ ထွယ်ကွန်းနားကပ်တာမြင်ရင် သတ်ပြစ်မှာလို့ ပြောလိုက်တာလေ ။ ထယ်ကွန်းကလည်း သူ့သူငယ်ချင်းမလေးကို ပြောရကောင်းလားဆိုပြီး ထယ်ဂုလေးကို လုံးဝ မခေါ်ဘူး........."
"အကိုတော်တို့ ထယ်ဂုကို တစ်ခုခုပြောသင့်တယ်နော် ။ ထယ်ကွန်းဘေးနားကို ယောက်ျားလေးလည်းအကပ်မခံ မိန်းကလေးလည်း အကပ်မခံ ။ ကြာရင် ထယ်ကွန်းလေးက အဖော်မဲ့တော့မယ်......"